DVB Logo
Home
မြန်မာသတင်း
CDM သူရဲကောင်းများအတွက် We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့
DVB
·
July 8, 2021
CDM သူရဲကောင်းများအတွက် We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့
Donate to DVB

စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM သူရဲကောင်းဝန်ထမ်းအယောက် ၃၀၀ ကို We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအလှူငွေတွေကိုတော့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေတွေထဲက အမှန်တကယ်လိုအပ်နေတဲ့ CDM သူရဲကောင်းတွေကို CRPH ရဲ့ ထောက်ခံချက်နဲ့ We Pledge CDM အဖွဲ့က သေချာစိစစ်ပြီး ပြန်လည်ခွဲဝေ လှူဒါန်း ပေးခဲ့တာလို့ ဆိုပါတယ်။

   We pledge CDM ကတဆင့် လှူဒါန်းလိုက်တဲ့ အလှူငွေတွေ အကျိုးရှိတဲ့နေရာမှာ ထိုက်တန်စွာအသုံးချနေကြောင်းကို သိရှိပြီး ပီတိဖြစ်စေဖို့ ရည်ရွယ်ကာ “We Share To” အစီအစဉ်ကိုလည်း အပါတ်စဉ် စနေနေ့တိုင်း We Pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ပေးနေတာ ဖြစ်ပါတယ်။

ခုတခါ လှူဒါန်းလိုက်တဲ့ CDM သူရဲကောင်းတွေထဲမှာတော့ ပညာရေးဝန်ထမ်း ၁၂၇ ယောက်နဲ့ We pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ် Messenger ကတဆင့် အကူအညီလာ ရောက်တောင်းခံသူ ၁၇၃ ယောက် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်းတွေ အလွန်များပြားတဲ့အတွက် စာ ရင်းပေးပြီး အလှူငွေ မရသေးသူတွေအနေနဲ့လည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့လည်း  မေတ္တာရပ်ခံထားပါတယ်။

လက်ရှိအချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ CDM၊ PDF နဲ့ NUG တို့အတွက် အကူအညီအထောက်အပံ့တွေ အထူးလိုအပ်နေတဲ့ကာလဖြစ်နေပြီး တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ တခြားထောက်တိုင်တွေနည်းတူ PDF လူငယ်တွေအတွက်လည်း အကူအညီတွေ အထူးလိုအပ်နေတယ်လို့ We pledge CDM က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013