DVB Logo
Home
မြန်မာသတင်း
သံတောင်ကြီးမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
DVB
·
June 13, 2021
သံတောင်ကြီးမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ်အတွင်း လူတချို့က  အများပြည်သူတွေရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် ဆောင်ရွက်နေတယ်ဆိုပြီး  လူ ၅ ဦးထက် ပိုမစုရအပြင် ညမထွက်ရအမိန့်ကို ဇွန် ၁၁ ရက် နေ့စွဲ့နဲ့  စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထိန်းချုပ်လိုတဲ့အတွက် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"မြို့ကို အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်လာပြီးနောက်ပိုင်း နေ့စဉ်တိုက်ပွဲဖြစ်နေတာ။ အရင် အေးဆေးတဲ့ မြို့က အခုတော့ ယမ်းငွေ့တဝေဝေနဲ့ ဆူညံနေပြီ။ အခုလည်း ထပ်ပြီတော့ ည မထွက်ရ အမိန့်ထုတ်ပြန်ပြီး ထိန်းချုပ်ကန့်သတ်ဖို့ ထုတ်ပြန်တာလို့ပဲ မြင်တယ်"လို့ သံတောင် မြို့ခံက ပြည်သူတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်မ ၆၆ ဟာ  ကရင်ပြည်နယ် သံတောင်ကြီး ဒေသကနေတဆင့် ကယားပြည်နယ်ဘက်ကို ဝင်ရောက်လာပြီးနောက် သံတောင်ကြီးဒေသမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013