မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်ကြောင်း နိုင်ငံတကာသို့ နှိုးဆော်တဲ့အနေနဲ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲကို ဇွန်လ ၁၂ ရက်က ကျင်းပပါတယ်။
NUG အစိုးရကိုဝန်းရံကြ၊ စစ်အာဏာရှင်ဖြုတ်ချရေး တို့အရေး၊ ဖမ်းဆီးခံအကျဉ်းသားများ ချက်ချင်းလွှတ် စတဲ့ကြွေးကြော်သံတွေနဲ့ အဖြူရောင်ဝတ်စုံဆင်တူဝတ် မြန်မာပြည်သားတွေနဲ့ နော်ဝေလူမျိုးတွေ အင်အား ၁၀၀ ကျော်လောက်ဟာ မြို့တော်အော်စလိုရဲ့ ပါလီမန်အဆောက်အဦ ရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေက နွေဦးတော်လှန်ရေးအတွင်းကျဆုံးသွားသူများအတွက်ရည်စူးပြီး ငြိမ်သက်အလေးပြုတာ၊ နှင်းဆီပန်းတွေချဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့သလို မြန်မာအမျိုးသမီးများ အဖွဲ့ကလည်း ပြည်တွင်း CDM ထောက်ပံ့ရေးရံပုံငွေရှာတဲ့အနေနဲ့ မြန်မာအစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေရောင်းကြတယ်လို့ CRPH Support Group- Norway သတင်းပြန်ကြားအဖွဲ့က ထုတ်ပြန် ပါတယ်။
အလားတူဆန္ဒပြပွဲကို နိုင်ငံပေါင်း ၂၅ နိုင်ငံရဲ့ မြို့ကြီး ၅၀ လောက်မှာလည်း ပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ ကမ္ဘာ့စက်မှုအင်အားကြီး (G7)နိုင်ငံတွေကို ဖိအားတဲ့ Global Action လှုပ်ရှားမှာ လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။