DVB Logo
Home
မြန်မာသတင်း
EAOs အချို့ မိုင်းထောင်ဖောက်ခွဲရေးလုပ်ရန် သင်ကြားပေးနေဟု စစ်ကောင်စီ စွပ်စွဲ
DVB
·
June 13, 2021
EAOs အချို့ မိုင်းထောင်ဖောက်ခွဲရေးလုပ်ရန် သင်ကြားပေးနေဟု စစ်ကောင်စီ စွပ်စွဲ
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ စာသင်ကျောင်းတွေအပါအဝင် အများပိုင်အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ မိုင်းထောင် ဖောက်ခွဲရေးတွေလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့ တချို့က အတိုက်အခံတွေကို လေ့ကျင့်သင်ကြားပေးနေတယ်လို့ စစ်ကောင်စီက  စွပ်စွဲပြောကြားလိုက်ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က  နိုင်ငံတော်အာဏာကို မတရား သိမ်းယူပြီးနောက် ခုချိန်အထိ အုပ်ချုပ်ရေးအာဏာတည်စေဖို့ ရုန်းကန်နေရပြီး ဗုံးပေါက်ကွဲမှုတွေကလည်း နေ့စဉ်လိုလို ဖြစ်နေတာပါ။

သင်တန်းပေးခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုသွားတာပါ။

“EAOs  အဖွဲ့တချို့အနေနဲ့ ၄င်းတို့ သင်ကြားပေးလိုက်တဲ့ မိုင်းဖောက် မိုင်းခွဲ သင်ခန်းစာတွေကို သုံးပြီး စာသင်ကျောင်းတွေ၊ အများပိုင်၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးနေကြတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ အဖွဲ့အားလုံးမဟုတ်ဘဲ အဖွဲ့အချို့ထဲကမှ တပ်မဟာ သို့မဟုတ် တပ်ရင်းအဆင့်တချို့ဟာ ဒီအကြမ်းဖက်အားပေးတဲ့ လုပ်ရပ်တွေကို လုပ်နေကြကြောင်း ကျနော်တို့ အသိပေးလိုပါတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ လေ့ကျင့်သင်ကြားပေးထားသူတွေနဲ့  လက်နက်ပစ္စည်းကိရိယာတွေကို ဖမ်းဆီးရမိတာကနေ  ဒီသတင်းအချက်အလက်တွေကို ရရှိတာလို့လည်း စစ်ကောင်စီကပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ပြန်လည် တုံ့ပြန်ကြေညာတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013