မြင်းခြံတွင် သားဖွားမီးယပ်အထူးကု ဆရာဝန် ၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
June 12, 2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဇွန် ၁၁ ရက် ညနေ ၅ နာရီလောက်က ဆရာဝန်တစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူမှာ မြင်းခြံဆေးရုံကြီးက သားဖွားမီးယပ်အထူးကု ဒေါက်တာရဲဇင်အောင် ဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာ မသိသေးဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။