DVB Logo
Home
မြန်မာသတင်း
ကိုရီးယားက မြန်မာအတွက်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁ ဒသမ ၃ သန်းလှူမည်
DVB
·
June 11, 2021
ကိုရီးယားက မြန်မာအတွက်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁ ဒသမ ၃ သန်းလှူမည်
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းတွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ (UNHCR) နဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ကတဆင့် ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ သန်း လှူဒါန်းမယ်လို့သိရပါတယ်။

ဒီကိုရီးယားနိုင်ငံရဲ့လှူဒါန်းငွေနဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း အကူအညီအထူးလိုအပ်နေတဲ့ နေရာဒေသတွေမှာ UNHCR နဲ့ WFP တို့ ‌ဆောင်ရွက်ကြမယ့် အထောက်အပံ့လုပ်ငန်းတွေကို  ပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

WFP က  ကိုရီးယားနိုင်ငံကပေးတဲ့ အလှူငွေနဲ့ ရန်ကုန်နဲ့ မန္တလေးရှိ   အနွမ်းပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံးမြို့နယ်တွေမှာ  မြင့်တက်လာနေတဲ့ အငတ်‌ဘေးကို ဖြေရှင်းဖို့ အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် WFPက မြို့ပြနဲ့ မြို့စွန်ဒေသတွေမှာ နေထိုင်နေတဲ့လူဦးရေ ၂ သန်းကျော်ကို ကူညီပေးနေတဲ့ မြို့ပြ အထောက်အပံ့စီမံကိန်းကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကိုရီးယားနိုင်ငံရဲ့ လှူဒါန်းငွေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူဦးရေ ၃၅၀၀၀ ကျော်ကို စားနပ်ရိက္ခာ ကူညီပေးသွားမှာဖြစ်သလို ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းရှိ လူဦးရေ ၃၂၀,၀၀၀ အတွက် WFPက လစဉ်ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေသားအထောက်အပံ့တွေကို ထပ်မံအားဖြည့်ပေးသွားမယ်လို့ဆိုပါတယ်။

UNHCR ကလည်း ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရတွေ မိုးရာသီကာလ အတွင်း ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို ကာကွယ်နိုင်ဖို့ နေအိမ်အမိုးအကာ ပြုပြင်၊ ထိန်းသိမ်းတာနဲ့ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး နေရပ်စွန့်ခွာပြည်သူပေါင်း ၁၂၄,၀၀၀ အတွက် အကျိုးရှိစေနိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013