DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်တွင် တရုတ်တစ်သျှူးငှက်ပျောတွဲကားမှောက်
DVB
·
June 11, 2021
ဝိုင်းမော်တွင် တရုတ်တစ်သျှူးငှက်ပျောတွဲကားမှောက်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တန်ဘောင်ကျေးရွာမှာ ဇွန်လ ၁၀ ရက်ညနေပိုင်းက တရုတ်တစ်သျှူးငှက်ပျောတင်တွဲကားတစ်စီး တိမ်းမှောက်သွားပါတယ်။

ညနေ ၅ နာရီကျော် ၆ နာရီလောက်မှာ တန်ဘောင်ကျေးရွာအ၀င်လမ်းအ‌ကွေ့ ချောက်မှာ သူ့ဘာသာသူ မှောက်သွားတာဖြစ်တယ်လို့ မျက်မြင် ဒေသခံတွေက‌ ပြောပါတယ်။ ကားမောင်းသမားက အရက်သောက်ထားပုံရတယ်လို့လည်းဆိုပါတယ်။

“ကျနော်ပြန်လာတာ ည ၈ နာရီကျော်လောက်ထိ ကား‌ကလမ်း‌ဘေးမှာ ပက်လက်လန် နေတော့ လန့်သွားတာ။ ပြီးမှ နောက်ကားတစ်စီးကနေ ငှက်ပျောဖာတွေ ပြန်သယ်နေကြတာ တွေ့တယ်။ ဘေးနားမှာတော့ ကားသမားထင်တယ် ခြေထောက်တွေမှာပက်တီးတွေနဲ့ ရဲတွေနဲ့ စကားပြောနေခဲ့တယ်”လို့ ‌ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ 

ပြီးကတဲ့မေလ ဒုတိယပတ်ကလည်း ဝိုင်းမော် ဂေါ်ဆက်ယန်ရွာမှာ ငှက်ပျောတွဲကားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့သေးပါတယ်။

ဝိုင်းမော်မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကို ကိုဗစ်ကြောင့် ပိတ်ထားပေမဲ့ ငှက်ပျောကားတွေ အသွားအလာမပျက်ဘဲ ယာဉ်မောင်းနဲ့ ကားလဲပြီး တရုတ်ပြည်ဘက်သို့ ကုန်သွယ်သယ်ယူနေကြဆဲဖြစ်တယ်လို့ ကန်ပိုက်တီမြို့ခံတွေထံကနေသိရပါတယ်။

တရုတ်စီးပွားရေးသမားတွေက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျောကို ဧကသိန်းနဲ့ချီ စိုက်ပျိုးထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013