DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့တွင် MSF အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိတ်သိမ်းခံရ
DVB
·
June 10, 2021
ထားဝယ်မြို့တွင်  MSF အဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိတ်သိမ်းခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့  MSF ကနေ ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးနဲ့ဆေးဝါး စောင့်ရှောက်မှုကို ရပ်လိုက်ဖို့ စစ်ကောင်စီက အမိန့်ထုတ်လာတာကြောင့် ထောင်နဲ့ချီတဲ့ လူနာတွေအတွက် အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာမယ်လို့ MSF က ဇွန်လ ၉ ရက်မှာ သတိပေးလိုက်ပါတယ်။ 

ထားဝယ်မှာ နှစ် ၂၀ ကြာလောက် အဆုတ်ရောဂါ တီဘီလူနာနဲ့ HIV လူနာတွေ စောင့်ရှောက်မှု ပေးနေတဲ့ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့ - MSFရဲ့ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းထားဖို့ ဒေသအာဏာပိုင်တွေဆီကနေ ညွှန်ကြားလာတဲ့ စာတစောင်ကို  MSF က လက်ခံရရှိခဲ့တာပါ။ 

အများပြည်သူ ကျန်းမာရေးဝန်ဆောင်မှုတွေ ကမောက်ကမ ဖြစ်နေချိန်မှာ MSF ရဲ့ လုပ်ငန်းဆောင်တာတွေကို ဆိုင်းငံ့ထားရခြင်းဟာ လူနာအများစုအတွက် အသက်အန္တရာယ် ဖြစ်စေနိုင်တယ်လို့  နယ်စည်းမခြား ဆရာဝန်များအဖွဲ့  MSF က ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။ 

အာဏာပိုင်တွေရဲ့ တားဆီးမိန့်ဟာ ထားဝယ်က HIV ပိုးရှိနေပြီး ကုသမှုခံယူနေသူ လူနာ ၂,၁၆၂ ယောက်မှာ သက်ရောက်မှုရှိမှာဖြစ်လို့ အာဏာပိုင်တွေ နားလည်သဘော ပေါက်ပေးဖို့လည်း ဖြည့်စွက်ပြောကြားထားပါတယ်။ 

ဖေဖော်ဝါရီလကတည်းက  နိုင်ငံရဲ့ အားလျော့သွားတဲ့ တီဘီရောဂါတိုက်ဖျက်ရေး အစီအစဉ်မှာ အားနည်းချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေတာကြောင့် ခု ဆုံးဖြတ်ချက်ဟာ တီဘီရောဂါအပါအ၀င် ရောဂါ ထပ်မံကူးစက်နိုင်တဲ့ အလားအလာကိုလည်း သတိပေးထားပါတယ်။ 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးရပ်ဇာတိ ထားဝယ်မြို့မှာ ခုလို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိတ်သိမ်းရပ်တန့်ဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ MSF က တောင်း ဆိုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုပြီးကတည်းက ဆရာဝန်အများစုဟာ ပြည်သူ့ဆန္ဒပြပွဲကြီးမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ပြည်သူ့ဆေးရုံ အားလုံးနီးပါး ပိတ်ထားရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်း စွမ်းရည်ကျဆင်း အားနည်းနေတာ ဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းအတွင်း မြို့နယ်အလိုက်ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းအသင်းအဖွဲ့(INGO)ရုံးတွေအားလုံး  လတ်တလောအခြေအနေအရ ခဏပိတ်ထားဖို့နဲ့ သက်ဆိုင်ရာရုံးချုပ်တွေမှာ ပြောင်းရွေ့ အခြေပြုနေထိုင်ကြဖို့ စစ်ကောင်စီက အသိပေး ကြေညာ လိုက်ပါတယ်။ 

တိုင်းလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက   ဇွန် ၂ ရက်နေ့စွဲနဲ့ ညွှန်ကြားစာ ထုတ်ပြန်ထားတာဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့  အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းအသင်းအဖွဲ့(INGO) တွေဟာ အသင်းအဖွဲ့မှတ်ပုံတင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013