DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် လေယာဉ်ပျက်ကျပြီး အနည်းဆုံး ၁၂ ဦးသေဆုံး
DVB
·
June 10, 2021
ပြင်ဦးလွင်တွင် လေယာဉ်ပျက်ကျပြီး အနည်းဆုံး ၁၂ ဦးသေဆုံး
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အနီးစခန်းမှာ ဇွန်လ ၁၀ ရက် မနက် ၈ နာရီလောက်က လေယာဉ်ပျက်ကျပြီး သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

ပျက်ကျတဲ့ လေယာဉ်ပေါ်မှာ လူ  ၁၆ ယောက်လောက် လိုက်ပါလာပြီး  သေဆုံးသူ ၁၂ ယောက် ရှိကာ ဒဏ်ရာပြင်းထန်သူတဲ့သူနဲ့ မစိုးရိမ်ရသူလည်းရှိတယ်လို့ ကူညီပေးနေသူ တစ်ဦး က ပြောပါတယ်။

“အနီးစခန်းမှာတော့ လေယာဉ်ပျက်ကျတာ ဟုတ်တယ်။ လေယာဉ်ပျက်ကျတော့ သေတာများတယ်။ အသက်ရှင်သေးသူတွေလည်းရှိတယ်။ ” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ပြင်ဦးလွင်ဒေသခံတစ်ဦးကလည်း လေယာဉ်ပျက်သွားတဲ့နေရာကို လူတွေသွားကြည့်ပေမယ့် စစ်တပ်နဲ့ရဲတွေ ပိတ်ထားပြီး ဘယ်သူမှပေးမဝင်ဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။ 

“ အဲဒီလေယာဉ်က အနီးစခန်း EPC ရုံးနားပျက်ကျသွားတာခင်ဗျ။ စစ်တပ်ထောက်ပို့လေယာဉ်၊ မနက် ၈ နာရီလောက်မှာပါ။ အစက သူကအနီးစခန်းလေဆိပ်ကို ဆင်းမလို့ထင်တယ်၊ မြူတွေအုံ့ဆိုင်းနေတော့ လမ်းကြောင်းပြန်ပြောင်းပြီး လမ်းမှားပြီးပျက်ကျသွားတဲ့ပုံစံတွေ့ရတယ်။ ကျနော်တို့ သွားကြည့်မလို့ဘဲ ဒါပေမဲ့ အဲဒီမှာ စစ်တပ်နဲ့ရဲတွေ ပိတ်ထားပြီး ဘယ်သူမှပေးမဝင်ဘူး၊ သေဆုံးဒဏ်ရာရသူတော့ရှိမှာ အသေအချာပဲ ”။ 

ပျက်ကျတဲ့လေယာဉ်ဟာ ATR-72 တပ်မ​​တော်သုံး ​ထောက်ပို့​လေယာဉ်ဖြစ်ပြီး စစ်တပ်အရာရှိ တချို့နဲ့ မိသားစုတွေ လိုက်ပါလာတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းမရင်းကိုတော့ မသိရသေးပါဘူး။ ပြင်ဦးလွင်မှာ ဇွန်လ ၁၀ ရက် မနက်ပိုင်းက မိုးရွာပြီး မြူကျတဲ့ ရာသီဥတုအခြေအနေတော့ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013