
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ မုံရွာ၊ ယာကြီးကားလမ်းမကြီး အနီးမိုင်တိုင်အမှတ်(၃၇) နဲ့ (၃၈) အကြားမှာ ဒီနေ့ညနေ ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
"တောထဲမှာတဲထိုးနေတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို သေနတ်တွေနဲ့ ရမ်းပြီးပစ်တယ်။ ဒါကိုမခံနိုင်လို့ ပြန်လည်ခုခံတဲ့နေရာကနေ တိုက်ပွဲဖြစ်ပွားတာ။ သူတို့ တဲအိမ်လေးတွေကို ရမ်းပစ်လို့ ထိခိုက်တဲ့ အပြစ်မဲ့ ပြည်သူဘယ်နှစ်ယောက်ရှိလဲ မသိသေးဘူး” လို့ဒေသခံ ပြည်သူတစ်ဦးကပြော ပါတယ်။
ဒီနေ့ ညနေဖြစ်ပွားတဲ့ ကနီမြို့နယ်အတွင်းက တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးဘယ်လောက်ရှိလဲ ဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး။