DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာထပ်တိုးလာသဖြင့် ကုသရေးဆေးရုံပြင်ဆင်
DVB
·
June 9, 2021
မွန်ပြည်နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာထပ်တိုးလာသဖြင့် ကုသရေးဆေးရုံပြင်ဆင်
Donate to DVB

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထပ်တိုးလာတာကြောင့်  မော်လမြိုင်က ကိုဗစ်ကုသရေးဆေးရုံတစ်ခု ဖြစ်တဲ့ Isolation 3 ကို ပြန်လည်ပြင်ဆင်နေပါတယ်။ 

မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁ ရက် နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ်အတည်ပြုလူနာတွေနဲ့ သံသယလူနာတွေကို စစ်ဆေးကုသတာတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဒါပေမဲ့ ကိုဗစ်သံသယလူနာတွေကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့စပြီး ပြန်လည်စစ်ဆေးတာတွေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု တနေ့ထက် တနေ့ တိုးလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်အတည်ပြုလူနာတွေ ထပ်တိုးလာရင် ထားရှိဖို့အတွက် မော်လမြိုင်က ကိုဗစ်ကုသရေးဆေးရုံတစ်ခု ဖြစ်တဲ့ Isolation 3 ကို ပြန်လည်ပြင်ဆင်နေရပြီလို့ ကျန်းမာရေးဦးစီးဌာန အရာထမ်းတစ်ယောက်က ပြောပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအရ ကွာရန်တင်းစခန်းတွေမှာ စောင့်ကြည့်ထားတဲ့ နိုင်ငံရပ်ခြားက ပြန်လာသူတွေအပြင် ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ မော်လမြိုင်မြို့နယ်တွေမှာလည်း မြို့နယ်အတွင်း တကျော့ပြန် ကူးစက်မှုတွေ ရှိလာခဲ့တာပါ။

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စုစုပေါင်း အယောက်   ၅၀ ထက်မနည်း ရှိလာခဲ့တာပါ။

ဒါကြောင့် ပြည်သူတွေအနေနဲ့ နေအိမ် အပြင်ထွက်တိုင်း Mask ပြန်တပ်ကြဖိုနဲ့ social distancing အရ ခပ်ခွာခွာ ပြန်နေပေးကြဖို့ မွန်ပြည်နယ်နေ ဆရာဝန်တစ်ဦးက ပြည်သူလူထုကို တိုက်တွန်းပြောပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ကာလတုန်းက ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင်ကုသရေး ဆေးရုံ ၃ ခုနဲ့ သထုံမြို့နယ်က ဆေးရုံ ၁ ခုမှာ စောင့်ကြည့် ကုသပေးခဲ့တာပါ။ လက်ရှိမှာတော့ မွန်ပြည်နယ်က ကိုဗစ်အတည်ပြုလူနာတွေကို မော်လမြိုင်ရှိ  တပ်မတော် ခုတင် ၃၀၀ ဆေးရုံမှာ စောင့်ကြည့်ကုသပေးနေပါတယ်။

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာပေါင်း  ၃၆၀၀ ကျော်အထိ ရှိခဲ့သလို အဲဒီထဲမှာ ၄၆ ဦး သေဆုံးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013