မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ချမ်းမြေ့သာယာရပ်ကွက်က ဘုန်းကြီးကျောင်းမှာ ဇွန်လ ၉ ရက် ဒီနေ့ခင်းပိုင်းက ရွာလူကြီးရွေးဖို့ အစည်းအဝေးလုပ်နေချိန် အကြမ်းဖက်စစ်တပ်က ရောက်လာပြီး လူကြီးတစ်ယောက်ရဲ့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
"ရွာထဲကလူတွေက ရွာလူကြီးရွေးဖို့ ဘုန်းကြီးကျောင်းမှာ အစည်းဝေးလုပ်နေတာ၊ ဘယ်သူက သတင်းပေးလိုက်တာလဲ မသိဘူး။ စစ်သားတွေရောက်လာပြီး သေနတ်နဲ့ပြီး အစည်းအဝေး လုပ်နေသူ အကုန် ဖမ်းသွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာမှာအစည်းအဝေးလုပ်တာကို အကြမ်းဖက်စစ်အုပ်စုကို အသိမပေးတာကြောင့် ခုလို ပစ်ခတ်ဖမ်းဆီးတယ်လို့လည်း သိရပါတယ်။
သေနတ်နဲ့ သုံးချက်ပစ်ခတ်ခံထားရတဲ့ လူကြီးတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက ကားပေါ် တင်ခေါ်သွားတာကြောင့် အခြေနေမသိရသေးပါဘူး။