DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင်လူ ၅ ဦးထက်ပိုမစုရန်နှင့် ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ်
DVB
·
June 9, 2021
မြစ်ကြီးနားတွင်လူ ၅ ဦးထက်ပိုမစုရန်နှင့် ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၈ ရက်က စတင်ပြီး လူ ၅ ဦးထက်ပိုမစုဖို့နဲ့ ညမထွက်ရအမိန့်ကို ည ၉ နာရီမှ မနက် ၄ နာရီအထိ မြို့နယ်စစ်ကောင်စီက ပြောင်းလဲ ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

မြစ်ကြီးနားမှာ လူတချို့က အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြားစေဖို့ ပြုမှုနေလို့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနိုင်တဲ့အတွက် စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း ဖျက်ဆီးခြင်းတွေ မပြုလုပ်ကြဖို့   မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း လက်မှတ်ထိုးထားတဲ့ ထုတ်ပြန်စာမှာဖော်ပြပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့နယ် အတွင်းရှိ လမ်းမကြီးတွေ၊လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ  လူငါးဦး (သို့) ငါးဦးထက်ပို စုဝေးခြင်းမပြုလုပ်ကြဖို့နဲ့ ည ၉ နာရီမှ မနက် ၄ နာရီအချိန်ထိ ညမထွက်ကြဖို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၈ ရက် ညကစပြီး ညမထွက်ရ အချိန်ပြောင်းလဲလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနာမည်နဲ့ စာဝင်လာတယ်လို့ မြစ်ကြီးနားမြို့ခံ  ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း  ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမှာ ဖေဖော်ဝါရီ ၉ ရက်ကစလို့   ည ၈ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်နဲ့လူ ၅ ဦးထက်ပို မစုဝေးရ အမိန့်စာထုတ်ပြန်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013