DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း ဂျပန်အောက်လွှတ်တော် အတည်ပြုဆုံးဖြတ်
DVB
·
June 8, 2021
အကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း ဂျပန်အောက်လွှတ်တော် အတည်ပြုဆုံးဖြတ်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့  အကြမ်းဖက်စစ်ကောင်စီကို လက်မခံကြောင်း  ဇွန်လ ၈ ရက် ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပတဲ့ ဂျပန်အောက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးက အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်အမြန်ဆုံး ပြန်လည်ထူထောင်ရန်တောင်းဆိုချက် အဆိုသွင်းမှုကိုလည်း လွှတ်တော်တွင်း ကိုယ်စားလှယ်အများစုက လက်ခံခဲ့ကြပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချ အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုတွေနဲ့ မျှော်လင့်ချက်တွေအပေါ် ကင်းမဲ့စေတဲ့အတွက် စစ်ကောင်စီကို အသိအမှတ်လုံးဝမပြုကြောင်း ဂျပန်-မြန်မာပါလီမန်အမတ်များချစ်ကြည်ရေးဥက္ကဋ္ဌ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော် အမတ်မစ္စတာ အိချီရိုအီဆာဝါက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေအပေါ် ရက်စက်စွာ အကြမ်းဖက်နေမှုကို ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့  လူ့အခွင့်အရေးနဲ့ လူ့လုံခြုံရေးတို့အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်ဖို့လည်း  ဂျပန်အောက်လွှတ်တော်က တိုက်တွန်းပါတယ်။

ဂျပန်အစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့အ ကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းသွားစေဖို့ သံတမန်အရင်းအမြစ်တွေကို အပြည့်အဝအသုံးချပြီး ဆောင်ရွက်ဖို့လည်း   ဂျပန်အောက်လွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013