DVB Logo
Home
မြန်မာသတင်း
စစ်ကားဖြင့်နောက်ကလိုက်တိုက်ခံရပြီး သေဆုံးသူ ၂ ဦးအပါအဝင် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၈၆၀ နီးပါးရှိလာ
DVB
·
June 7, 2021
စစ်ကားဖြင့်နောက်ကလိုက်တိုက်ခံရပြီး သေဆုံးသူ ၂ ဦးအပါအဝင် နိုင်ငံတဝန်း ကျဆုံးပြည်သူ ၈၆၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၅၇ ယောက်ထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၇ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၈၃၁ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၆၇၇ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၆၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၉၃၆ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံ ထားရလို့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။   

ဇွန် ၆ ရက်နေ့ ညကတော့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်ကို စစ်ကားနဲ့ နောက်က လိုက်တိုက်ခဲ့တာကြောင့် အဆိုပါ အမျိုးသား ၂ ယောက် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က NLD ဘဏ္ဍာရေးမှူး ဦးချစ်ကိုကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်မြောင်းနဲ့ နတ်ချောင်းကျေးရွာတွေက အရပ်သား ၃ ယောက်ကိုလည်း ရိုက်နှက်ပြီး အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013