DVB Logo
Home
မြန်မာသတင်း
စစ်တန်းလျားမှ မိန်းမသားများ၏ ဖိနှိပ်ခံဘဝများအကြောင်း အွန်လိုင်းဆွေးနွေးပွဲ ထုတ်လွှင့်မည်
DVB
·
June 7, 2021
စစ်တန်းလျားမှ မိန်းမသားများ၏ ဖိနှိပ်ခံဘဝများအကြောင်း အွန်လိုင်းဆွေးနွေးပွဲ ထုတ်လွှင့်မည်
1 / 2
Donate to DVB

အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်တွင်းစစ်တန်းလျားက မိန်းမသားတွေ ဖြစ်ကြတဲ့တပ် တွင်းအိမ်ရှင်မတွေ၊ စစ်သမီးတွေ ဖိနှိပ်ခံရမှုတွေအပေါ် ပြည်သူတွေအားလုံးနဲ့အတူ တကမ္ဘာလုံးက သိရှိလာစေဖို့ ရည်ရွယ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတရပ်ကို ဇွန် ၈ ရက်ညမှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

      ဒီဆွေးနွေးပွဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အမျိုးသမီးလူငယ် နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့အတူ ပြည်သူနဲ့ ပူးပေါင်းပါဝင်လာတဲ့ စစ်သားတွေထဲက တယောက်ဖြစ်တဲ့ ဦးလင်းထက်​အောင်တို့က အပြန်အလှန်ဆွေးနွေးမေးမြန်းသွားကြမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက် တပ်အတွင်းက စစ်သားတွေထဲ က အချို့ဟာ ​စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး(ပြည်သူ့အာဏာဖီဆန်မှုလှုပ်ရှားမှု)မှာ ပူးပေါင်းပါဝင်လာကြပြီး အမှန်တရားဘက်က ရပ်တည်သူတွေ ရှိလာပြီဖြစ်ကာ အဲဒီလို ပူးပေါင်းလာသူတွေကို လက်ကမ်းကြိုဆိုသလို သူတို့အနေနဲ့ တပ်တွင်းက ဖိနှိပ်ခံရမှုနဲ့ ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ဖို့လည်း အရေးကြီးပါတယ်။

နှစ်ပေါင်းများစွာကတည်းက မဟာဖိုဝါဒစနစ်ပေါ်အခြေပြုတည်ထောင်ထားတဲ့ စစ် အုပ်ချုပ်ရေးယန္တရားဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံဖိနှိပ်မှုများစွာ ရှိခဲ့ပြီး စစ် တပ်က အမျိုးသမီးတွေအပေါ် လိင်အခြေပြုခွဲခြားဖိနှိပ်မှုအပြင် စစ်တပ်အတွင်းက အမျိုး သမီးများအချင်းချင်း အသက်၊ ရာထူး၊ အဆင့်အတန်းအလွှာလိုက် ခွဲခြားဖိနှိပ်ဆက်ဆံခံ ရမှုတွေလည်း များစွာ ရှိနေခဲ့တာပါ။

ဒါတွေကို ပြည်သူတွေသာမက ကမ္ဘာကသိရှိစေဖို့နဲ့ စစ်တန်းလျားက တပ်မတော် သားတွေအပါအဝင် အမျိုးသမီးတွေ အမြင်မှန်ရကာ ရုန်းထွက်နိုင်စေဖို့ ရည်ရွယ်တဲ့ ဒီ ဆွေးနွေးပွဲမှာ ပြည်သူလူထုဘက်က ဝင်​ရောက်​ဆွေး​နွေးလိုတဲ့ မေးခွန်းတွေရှိရင်လည်း ​အီးမေးလ်လိပ်စာ [email protected] သို့ ​ဒီကနေ့ည ၁၂ နာရီမတိုင် မီအထိ ပေးပို့​ ​ဆွေး​နွေး၊ အကြံ​ပေး၊ ​မေး မြန်းနိုင်ကြောင်းလည်း ဒုဝန်ကြီးက ဖိတ်ခေါ်ထား ပါတယ်။

ဒီဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်ကိုတော့ လာမယ့် ဇွန် ၈ ရက်နေ့ည ၇ နာရီအချိန် Ei Thinzar Maung FB page ကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတဘ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013