DVB Logo
Home
မြန်မာသတင်း
We Pledge CDM မှ ငွေကျပ်သိန်း ၁၂၀၀ ကျော် ကောက်ခံရရှိ
DVB
·
June 7, 2021
We Pledge CDM မှ ငွေကျပ်သိန်း ၁၂၀၀ ကျော် ကောက်ခံရရှိ
Donate to DVB

      ​စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့ ဖွဲ့စည်းထားတဲ့ We Pledge CDM အဖွဲ့က ပြီးခဲ့ တဲ့ ဧပြီ၊ မေ ၂ လအတွင်း ငွေကျပ်သိန်း ၁၂၀၀ ကျော် ကောက်ခံရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအလှူငွေတွေကိုတော့ CDM သူရဲကောင်း ၁,၂၉၈ ယောက်နဲ့ ကချင်၊ ကယား၊ က ရင်၊ ချင်းပြည်နယ်တို့မှ စစ်ဘေးရှောင် ပြည်သူတွေဆီ အသီးသီး ခွဲဝေလှူဒါန်းလိုက်ပြီး စာရင်းချုပ် အသေးစိတ် ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

We pledge CDM ကတဆင့် လှူဒါန်းကြတဲ့ အလှူရှင်တဦးတယောက်စီတိုင်းကို CDM Hero တွေ၊ စစ်ဘေးရှောင် ပြည်သူတွေကိုယ်စား We Pledge CDM အဖွဲ့သား တွေက နက်နက်ရှိုင်းရှိုင်းနဲ့ လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်းနဲ့ အလှူရှင်တွေအနေနဲ့ မိမိ လှူဒါန်းလိုက်တဲ့ အလှူငွေတွေ အကျိုးရှိတဲ့ နေရာမှာ ထိုက်တန်စွာအသုံးချနေကြောင်း ကို သိရှိပြီး ပီတိဖြစ်စေဖို့ ရည်ရွယ်ကာ “We Share To” အစီအစဉ်ကိုလည်း အပါတ်စဉ် စနေနေ့တိုင်း We Pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ပေးသွားမယ်လို့ ဆိုပါတယ်။

      CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့ ဝိုင်းကြီးချုပ် မိတ်ဖက်အဖွဲ့ အစည်းတွေအနေနဲ့ 21 Savage MM ၊ CDM Doctor Network ၊ GO FUND ME ၊ ၂ /၂၀၂၁ ခိုင်မြဲသောလက်များ ၊ Funding 4 #CDM ၊ For Our People ၊ Myanmar Resistance ၊ We Support Heroes ၊ Padamyar Group ၊ GWSM - Get Well Soon Myanmar Platform ၊ ပီတိ - PiTi ၊ Together We Win ၊ Connect 21 ၊ We Pledge CDM ၊ CDM Call Center ၊ Iris for Wisdom, Hope, Trust, Valor ၊ CDM Medium ၊ ရုန်းထွက်စို့ ၊ ထိုးမုန့်လူငယ်များအဖွဲ့စတဲ့ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013