DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် နှင်းဆီပန်း ဘုရားကပ်လှူသူများနှင့် ပန်းပန်သူအချို့ ဖမ်းဆီးခံရ
DVB
·
June 20, 2026
မုံရွာတွင် နှင်းဆီပန်း ဘုရားကပ်လှူသူများနှင့် ပန်းပန်သူအချို့ ဖမ်းဆီးခံရ
1 / 4
Photo : မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ဒေသခံ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန် ၁၉ ရက်က နှင်းဆီပန်း ဘုရားကပ်လှူထားသူတွေနဲ့ ပန်းပန်သူတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့  ဒေသခံတွေဆီ ကနေ သိရပါတယ်။

မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက “ကျနော်တို့သိရသလောက်က အဖမ်း ခံရတဲ့သူ ၁၀ ယောက်ထက် မနည်းဘူး။ ဗိုလ်တေဇလမ်းထိပ်မှာရှိတဲ့ အသီးဆိုင်တဆိုင်က ဆိုင်ပိုင်ရှင်နဲ့ ကန်သာဦးရပ်မှာရှိတဲ့ ကွမ်းယာဆိုင် ၂ ဆိုင်က ဆိုင်ရှင်တွေကို နှင်းဆီပန်း ဘုရားအိုး ထိုးလို့ဆိုပြီး ဝင်ဖမ်းတယ်။ နောက်ပြီး ပန်းတွေရောင်းတဲ့ ပန်းသည်တယောက်လည်း နှင်းဆီပန်းရောင်းလို့ဆိုပြီး ဖမ်းသွားတယ်။ ထန်းတောဘက်က အမျိုးသမီးတယောက်လည်း နှင်းဆီပန်းပန်လို့ အဖမ်းခံရသေးတယ်။ နောက်ပြီး အာဇာနည်လမ်းပေါ်မှာလည်း ပန်းပန်တဲ့ အမျိုးသမီးတွေ အဖမ်းခံရတယ်။ စခနဲ့ ရခတွေ မြို့ပေါ်လှည့်ပြီး ဖမ်းတာ။ အဖမ်းခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ဇွန် ၁၉ ရက်မနက်ပိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ​တွေက မုံရွာမြို့ပေါ်မှာ နှင်းဆီပန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီးနောက်ပိုင်း စစစ်အာဏာရှင်တွေက အခုလို လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မုံရွာ ပလဖ တာဝန်ခံ ကိုအာကူးက “စစ်တပ်ဘက်ကတော့ ယုတ်မာမှာပဲလေ။ အရင်ကလည်း အခုလို လုပ်ရပ်တွေရှိနေသလို၊ အခုလည်း ဆက်လုပ်နေတာပဲ။ သူတို့ဘက်က ကြောက်အားကြီး လွန်းလို့တောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းထားတာလေ။ အဲဒီတော့ ထွေထွေ​ထူးထူး ပြောစရာမရှိတော့ဘူး။ စစ်တပ်ဘက်က ပြည်သူအပေါ်မှာ ယုတ်မာသထက် ယုတ်မာဖို့ပဲရှိတယ်” လို့ DVB ကို ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီသပိတ် လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး TikTok လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့က အမျိုးသမီး ၁ ယောက်၊ မန္တလေးမြို့မှာ ကျောနံပါတ် ၈၁ ပါ အင်္ကျီဝတ်သူ အမျိုးသား ၂ ယောက်တို့ကိုလည်း စစ်အာဏာရှင်က ဖမ်းဆီးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013