မင်းကင်းမြို့နယ် ကြာပင်ရွာ အ.ထ.က ကျောင်း မီးလောင်
DVB
·
June 6, 2021
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းမှာ ဇွန်လ ၆ ရက် ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်နေတဲ့ စာသင်ကျောင်းကို ရွာသူရွာသားတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြပေမဲ့ ကျေးရွာမှာရှိတဲ့ စစ်ကောင်စီထောက်ခံတဲ့ အိမ်ထောင်စုတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကတော့ လာရောက်ပါဝင် မီးငြှိမ်းသတ်တာမရှိခဲ့ဘူးလို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။