DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင် “မြန်မာ့နွေဦးတော်လှန်ရေး” ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
DVB
·
June 4, 2021
စစ်အာဏာရှင်ဆန့်ကျင် “မြန်မာ့နွေဦးတော်လှန်ရေး” ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
Donate to DVB

အခုနှစ် ၂၀၂၁ ခုနှစ်ရဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို စစ်အာဏာရှင်ဆန့်ကျင် “မြန် မာ့နွေဦးတော်လှန်ရေး”ကို ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ ဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန် ထားပါတယ်။

လက်ရှိကာလ မြန်မာပြည်ဟာ အကြမ်းဖက်စစ်အာဏာရှင် လက် အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေတွေအရ  ၂၀၂၁ ပြည်သူ့ ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်တွေနဲ့ အသင်းအဖွဲ့တွေကို အမည်စာရင်း တင်သွင်းတာ၊ မဲပေးရွေးချယ်တာစတဲ့ လုပ်ငန်းစဉ်တွေ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်းနဲ့ ဒီအခြေအနေ အောက်မှာ ဆုရွေးချယ်မှုကို တဦးတယောက်၊ တသင်းတဖွဲ့တည်း ထုတ်နုတ်ဂုဏ်ပြုဖို့ မဖြစ်နိုင်တာ ကြောင့် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို ဂုဏ်ပြုနိုင်ဖို့ “မြန်မာ့ နွေဦးတော်လှန်ရေး”ကို ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဆုအတွက် အဝေးရောက် မြန်မာတိုင်းရင်းသား မိသားစုတွေရဲ့ ချွေးနဲစာနဲ့ ဂုဏ်ပြုလှူဒါန်း ငွေတွေကိုလည်း နွေဦးတော်လှန်ရေးရဲ့ လိုအပ်တဲ့ နေရာတွေဆီ ပေးပို့လှူဒါန်းသွားမယ်လို့ ဆိုပါ တယ်။

       ပြည်သူ့ဂုဏ်ရည်ဆု(Citizen of Burma Award)ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန် နဲ့ တောင်ကိုရီးယားစတဲ့ အဝေးရောက် မြန်မာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အ သင်းက ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ပြည်ပရောက် မြန်မာလူမျိုးတွေရဲ့ ချွေးနဲစာ၊ သန့်သန့်ရှင်းရှင်း ရှာဖွေထားတဲ့ ရန်ပုံငွေ၊ အလှုငွေတွေနဲ့ ဆုငွေပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

       ဒီဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က စတင်ပြီး မြန်မာနိုင်ငံက လူမှုသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့တာဖြစ်ကာ ပထမဆုံး ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် နာ ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၀ ပြည့်နှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကူး စက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံ ဆောင်ရွက်နေတဲ့ သူရဲကောင်း တွေကို ရွေးချယ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ အစိုးရဌာန တခုဖြစ်တဲ့ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီက ရရှိပြီး ပြည်သူ့ဂုဏ်ရည်အထူးဆု ၄ ဆုကိုတော့ ဆရာမ ဒေါ်အိအိညိမ်း၊ မဆွတ် ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်နဲ့ Clean Yangon Campaign အဖွဲ့တို့ ရရှိထားပါတယ်။

၂ဝ၁၈ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ရန်ကုန်မြို့အခြေစိုက် မွတ်ဆလင်ကုသိုလ် ဖြစ်ဆေးရုံက ရရှိခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆု ၃ ဆု ချီးမြှင့်ရာမှာတော့ နွမ်းပါးပညာရေးအလှူ အဖွဲ့(Care to Poor Education Group)၊ ဒေါက်တာ မြတ်စန္ဒာသန့်(မြင့်မိုရ်မေတ္တာ ခိုနားရာ တည် ထောင်သူ)၊ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်းတို့ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013