DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ICRC ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံ
DVB
·
June 3, 2021
အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ICRC ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ရဲ့ဥက္ကဋ္ဌ  Peter Maurer ဟာ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ဇွန် ၃ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ ICRC အဖွဲ့တွေအနေနဲ့ အကျဉ်းထောင်တွေကို ပြန်လည်သွားရောက်ဖို့ ခွင့်ပြုပေးဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေဆီ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပိုမိုရရှိစေဖို့ဆိုတဲ့ အဓိက တောင်းဆိုချက် ၂ ရပ်ကို  အိုင်စီအာရ်စီ  ဥက္ကဋ္ဌက စစ်ခေါင်းဆောင်ထံ ဆွေးနွေးတောင်းဆို ခဲ့ပါတယ်။ 

စစ်ခေါင်းဆောင်ကတော့ ကတိပေးတာမျိုးမပြောဆိုပေမဲ့ ICRC ရဲ့ တောင်းဆိုချက်တွေကို ငြင်းဆန်ခြင်းမရှိလို့ ဆွေးနွေးမှုက တိုးတက်မှုရှိတယ်လို့ အစည်းအဝေးနဲ့ နီးစပ်သူတွေက သုံးသပ်ကြပါတယ်။ 

ဒါ့အပြင် Maurer ဟာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လုံခြုံရေး ဆောင်ရွက်နေချိန် အတွင်း နိုင်ငံတကာဥပဒေနဲ့ ဆေးဘက်ဆိုင်ရာလုပ်သားတွေအပေါ် လေးစားပေးဖို့နဲ့ အရပ်သား တွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆွေးနွေးမှုတွေထဲမှာ ICRC  ဥက္ကဋ္ဌဟာ  ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရ လူသိထင်ရှား အထိန်းသိမ်းခံတွေကိုပဲ သတ်သတ်မှတ်မှတ် ဖော်ပြတာမျိုးထက် အကျဉ်းသားအားလုံးဆီကို တွေ့ဆုံနိုင်ခွင့်ကို တောင်းဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC နဲ့တွေ့ဆုံမှုဟာ သောကြာနေ့မှာ စီစဉ်ထားတဲ့ အာဆီယံ  ဥက္ကဋ္ဌနဲ့  အတွင်းရေးမှူးချုပ်တို့ရဲ့  စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု မတိုင်ခင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံ အဆင့်မြင့်အရာရှိ တစ်ယောက်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်အကြား  နေပြည်တော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013