DVB Logo
Home
မြန်မာသတင်း
ပန်းတနော် မူလတန်းကျောင်းက Non-CDM ဆရာမ ၁ ဦး ဓားထိုးခံရ
DVB
·
June 3, 2021
ပန်းတနော် မူလတန်းကျောင်းက Non-CDM ဆရာမ ၁ ဦး  ဓားထိုးခံရ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ဇွန်လ ၃ ရက်နေ့က လက်ထောက်မူလတန်းပြ ဆရာမ ၁ ဦး လက်ကို ဓားနဲ့အထိုးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဝဲဒေါင့်အုပ်စု၊ ရေလဲကြီးကျေးရွာ မူလတန်းကျောင်းမှ Non-CDM လက်ထောက်မူလတန်းပြ ဆရာမဟာ နေ့လည်ပိုင်းက ဓားနဲ့ အထိုးခံရ တာလို့ ဒေသခံတွေက ပြောပါတယ်။

ရေလဲကြီးကျေးရွာသားတစ်ဦးက ဆရာမရဲ့ လက်ကိုဓားဖြင့်ထိုးခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး အသက်အန္တရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မူလတန်းကျောင်း လက်ထောက်ဆရာမတစ်ဦးကို ဓားနဲ့ မထိုးခင် ကျောင်းအုပ်ကြီးရဲ့ နေအိမ်ကို လည်း မီးရှို့ဖို့ ကြံစည်ခဲ့သေးတယ်လို့ သိရပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ ရွာသားကို အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်တပ်တွေက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013