DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် Non CDM ဆရာ၊ ဆရာမများ အရပ်ဝတ်ဖြင့်ကျောင်းတက်နေ
DVB
·
June 3, 2021
မိုးကုတ်မြို့တွင်  Non CDM ဆရာ၊ ဆရာမများ အရပ်ဝတ်ဖြင့်ကျောင်းတက်နေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့က Non CDM ဆရာ ၊ ဆရာမတွေက ဒီနေ့ ဇွန်လ ၃ရက်နေ့မှာ အရပ်ဝတ်တွေနဲ့ ကျောင်းတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျောင်းမှာ ကျောင်းတက်တဲ့ကျောင်းသား မရှိပဲ ဆရာ၊ ဆရာမတွေရဲ့ သားသမီးတွေသာ တက်တာကြောင့် ဆရာ၊ဆရာမတွေက အခန်းတစ်ခုမှာ အရပ်ဝတ်တွေနဲ့ ထိုင်နေတယ်လို့ သိရပါတယ်။

ကျောင်းစဖွင့်တဲ့ ဇွန်လ ၁ ရက်  ပထမရက်မှာ ကျောင်းသား ၅ ယောက်လောက် တွေ့ရပေမယ့် ဒီနေ့မှာတော့ ကျောင်းသား ၂ ယောက်လောက်ပဲတွေ့ရတယ်လို့ဆိုပါတယ်။ 

CDM ဆရာ၊ဆရာမတွေက ဝရမ်းပြေးဘဝရောက်ပြီး အလုပ်ထုတ်ခံရကာ သူတို့ကိုတော​့ အာဏာသိမ်းစစ်တပ်က ကာကွယ်ပေးထားတယ်လို့ Non CDM ဆရာမတစ်ဦးက  ပြောပါတယ်။

မိုးကုတ်မြို့က Non CDM ဆရာ၊ဆရာမတွေရဲ့ စာရင်းအတိအကျ ပြည်သူတွေကရထားပြီး တစ်စုံတရာ ထိခိုက်မှုရှိလာပါက ပြည်သူတွေက တာဝန်မယူဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013