Home
မြန်မာသတင်း
မြင်းခြံမြို့တွင် စစ်သား ၁ ဦး ပစ်သတ်ခံရ
DVB
·
June 3, 2021
193705128_286159033293585_3325841870010583861_n

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ၊  ဇွန် ၃ ရက် ဒီနေ့မနက်ပိုင်းက  အကြမ်းဖက်စစ်တပ်က  စစ်သားတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနက် ၉ နာရီကျော်က အမှတ် ၁ တိုးချဲ့မြို့သစ်  ၁၇ လမ်းထိပ်မှာ စစ်သား ၂ ဦး အရပ်ဝတ်နဲ့ ရှိနေချိန် အမည်မသိ လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သားတစ်ဦး နောက်ကျော သေနတ်ကျည်ဆန် ထိမှန်ခဲ့ပြီး သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ 

မြင်းခြံမြို့နယ်၊ သဲဖြူဝရွာအုပ်စု၊ ကျောက်ကုန်းရွာမှာတော့   စစ်ကောင်စီက အရပ်သား ၆ ယောက်ကို အိမ်ထဲဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ​သိရပါတယ်။

ကျောက်ကုန်းရွာမှာ ဇွန် ၂ ရက် မနက် ၁ နာရီလောက်က စစ်တပ်က ရောက်လာပြီး ကိုရီးယားဘာသာသင်တန်း ဆရာအပါအဝင် ရွာသား  ၆ ယောက်ကို ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့် ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရပါဘူးလို့ ရွာခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024