DVB Logo
Home
မြန်မာသတင်း
ဆရာတော်ဦးဥတ္တမ ကြေးရုပ်တုသစ် ပြုလုပ်မည့်အစီအစဉ် စစ်တပ်ကိုယ်စားလှယ်တားမြစ်
DVB
·
June 2, 2021
ဆရာတော်ဦးဥတ္တမ ကြေးရုပ်တုသစ် ပြုလုပ်မည့်အစီအစဉ် စစ်တပ်ကိုယ်စားလှယ်တားမြစ်
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့မှာရှိတဲ့ ဆရာတော်ဦးဥတ္တမရုပ်တုဟာ ဟောင်းနွမ်းလာနေပြီဖြစ်လို့ ကြေးရုပ်တုသစ်ပြန်လည်သွန်းလောင်းပြီး အသစ်တည်ဆောက်မယ့် ပန်းခြံမှာထားရှိနိုင်ဖို့ အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့က လုပ်ဆောင်နေပါတယ်။

အခုလို ဆရာတော်ဦးဥတ္တမ ကြေးရုပ်တုသစ်ဖြစ်မြောက်ရေးအတွက် မြို့နယ်တာဝန်ရှိသူတွေကို တင်ပြရာမှာ ခွင့်ပြုထားခဲ့ပေမဲ့  မေလ ၃၁ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ တပ်ကိုယ်စားလှယ်က  တားမြစ်လိုက်တယ်လို့ အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုမျိုးလွင်က ပြောပါတယ်။

“ဆရာတော် ဦးဥတ္တမကြေးရုပ်တုသစ်ကို ကျနော်တို့ လုပ်မယ်ဆိုပြီး စီစဉ်ကြတယ်။ ပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း စာတင်ထားတယ်။ ပထမလုပ်တဲ့ အစည်းအဝေးမှာလည်း လက်ခံတဲ့ အနေအထားမှာ ရှိတယ်။ မြို့နယ်သံဃနာယကနေပြီးတော့လည်း အမ်းမျိုးဆက်သစ်အဖွဲ့ လုပ်လို့ ရတယ်ဆိုပြီး စာနဲ့တကွ လုပ်ပိုင်ခွင့်ထုတ်ပေးတယ်။ အဲဒါ မေလ ၃၁ ရက်နေ့က မြို့နယ်အစည်းအဝေးမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ တပ်ကိုယ်စားလှယ်က ခွင့်မပြုဘူးပေါ့။ ဆရာတော်ဦးဥတ္တမရုပ်တု လုပ်မယ့်ဟာ  ဘယ်အဖွဲ့တွေကပဲ လုပ်လုပ် ခွင့်မပြုဘူးဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျနော်တို့အဖွဲ့ထဲက သွားတက်တဲ့သူက မေးတော့ အစိုးရကပဲ လုပ်ပေးမယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ဘယ်တော့လုပ်ပေးမလဲ မေးတော့ လုပ်ချင်တဲ့အခါ လုပ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးပြောလိုက်တာပေါ့”လို့ ပြောပါတယ်။

ဆရာတော်ဦးဥတ္တမကြေးရုပ်တုသစ် သွန်းလုပ်ရာမှာ အများပါဝင်လှူဒါန်းနိုင်ဖို့ ကံစမ်းမဲ လက်မှတ်တွေနဲ့ တရားပွဲကျင်းပကာ ရန်ပုံငွေရရှိအောင် အစီအစဉ်တွေ ရေးဆွဲ လုပ်ဆောင်နေကြတာပါ။

အခုလို တားမြစ်ခံလိုက်ရတဲ့အတွက် အစီအစဉ်တွေကို  ပြန်လည်ရုပ်သိမ်းလိုက်ရပေမဲ့ ရုပ်တု ဖြစ်မြောက်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013