DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီး လူထုအင်အား ၂၀၀၀ ​ခန့်ဖြင့် စစ်အာဏာရှင်ကိုဆန္ဒပြ
DVB
·
June 1, 2021
ယင်းမာပင်နှင့် ဆားလင်းကြီး လူထုအင်အား ၂၀၀၀ ​ခန့်ဖြင့် စစ်အာဏာရှင်ကိုဆန္ဒပြ
1 / 15
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့  ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေ ပြည်သူ​​​တွေ စု​ပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချ​ရေးသပိတ်ကို ဇွန်လ ၁ ရက်​နေ့က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ ဆန္ဒ​ဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်လာတဲ့ CDM ဝန်ထမ်းတစ်​ယောက်​ပြောတာက "ဒီ​တော်လှန်​ရေးကြီးဟာ ​မြေ​ပေါ်​မြေ​အောက် စည်းစည်းလုံးလုံးရှိ​နေရမှာဖြစ်သလို စာတတ် ပညာတတ်​တွေက ငုံ့ခံ​နေရင် မတရားမှု​တွေတိုးလာမှာဖြစ်တာ​ကြောင့် အကြမ်းဖက်စစ်​ကောင်စီကို ဆန့်ကျင်​ပြီး အကြမ်းမဖက် အာဏာဖီဆန်​ရေးလုပ်ခဲ့တာ”လို့ ​ပြောပါတယ်။

မြို့နယ်ပူး​ပေါင်းသပိတ်တပ်ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်​တော်လှန်ခဲ့တာ ရက်​ပေါင်း ၈၃ ရက်​မြောက်ရှိပြီဖြစ်ပြီး ဆန္ဒပြအင်အားလည်း တစ်​နေ့ထက်တစ်​နေ့ ပိုမိုအား​ကောင်းလာတဲ့ သပိတ်စစ်​ကြောင်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013