DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာတွင် စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေ
DVB
·
June 1, 2021
ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာတွင် စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေ
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာမှာ မေလ ၃၁ ရက် ည ၉ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက “မိုးစစ်ရွာထိပ်မှာ တပ်စွဲထားတဲ့တပ်က ‌လက်နက်ကြီး ၃ ချက်အရင်ပစ်တာ နောက်တော့ တောဘက်ကနေ လက်နက်ကြီး အသံ ၃ ချက် ပြန်ထွက်လာတယ်။ ပြီးတော့မှ ရွှေကူ ရဲစခန်းဘက်ကလည်း သေနတ်သံ အနည်းဆုံး အချက် ၂၀ လောက် ပစ်သံကြားရတယ်ရှင့်။ ကျမတို့လည်း ကြောက်လန့်ပြီး အိမ်မှာမအိပ်ရဲလို့ ဘေးကင်းလုံခြုံမယ်ထင်တဲ့နေရာတွေမှာ ပုန်းအိပ်နေတာရှင့်”လို့ ပြောပါတယ်။

အဆိုပါ မိုးစစ် ကျေးရွာမှာအရင်က  စစ်ကောင်စီတပ်‌တွေ စခန်းချ တပ်စွဲတာမရှိပေမဲ့ ကျောင်းအပ်လက်ခံစဉ်ကာလက ကျေးရွာဒေသခံပြည်သူတွေက ကျောင်းအပ်လက်ခံတဲ့ Non CDM ပညာရေးဝန်ထမ်းတွေကို သံပုံးတီးပြီးမောင်းထုတ်တဲ့ ဖြစ်စဉ်တွေရှိခဲ့တာ‌ကြောင့် မေလ ၃၁ ရက်နေ့မနက်ကစကာ ရွာထိပ်မှာ စစ်ကောင်စီတပ်မှ တပ်စွဲထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013