စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချရေး သပိတ် ၈၂ ရက်မြောက်နေ့အဖြစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူတွေ စုပေါင်းသပိတ်ဟာ မေလ ၃၁ ရက်နေ့က အင်အားထောင်ချီနဲ့ ဆန္ဒပြခဲ့ပါတယ်။
တချို့ပြည်သူတွေက စစ်အာဏာရှင်တော်လှန်ရေးထဲမှာ ဘယ်နေရာမှမပါဝင်ဘဲ အိမ်ထဲကထိုင်ပြီး ဘယ်နေ့အောင်မြင်မလဲမေးနေမယ့်အစား ဒီတော်လှန်ရေးကြီးမှာ မိမိတို့ကိုယ်တိုင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြဖို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
မြို့နယ်ပူးပေါင်းသပိတ်တပ်ဟာ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်ကို နေ့စဉ် ပြုလုပ် ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး ဆန္ဒပြအင်အားလည်း ကောင်းနေဆဲဖြစ်ပါတယ်။