DVB Logo
Home
Lead Story
PROOF OF LIFE လှုပ်ရှားမှု ရက်ပေါင်း ၇၀ ပြည့်ချိန်ထိ စစ်အာဏာရှင်ဘက်က နှုတ်ဆိတ်နေဆဲ
DVB
·
June 29, 2026
Photo: All In One Piece Movement
Photo: All In One Piece Movement
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာနဲ့ သက်ရှိထင်ရှား ရှိနေသေးကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ PROOF OF LIFE လှုပ်ရှားမှု ရက်ပေါင်း ၇၀ ပြည့်သွားပေမဲ့ စစ်အာဏာရှင်ဘက်က သက်သေမပြနိုင်ဘဲ နှုတ်ဆိတ်နေဆဲဖြစ်တယ်လို့ All In One Piece Movement အဖွဲ့က ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင်ပြီး သူအပါအဝင် ပြည်တွင်းပြည်ပ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေက ဆက်တိုက် တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်ဘက်က ခုချိန်အထိ သက်သေတစုံတရာ ထုတ်ပြတာမျိုးမရှိဘဲ နိုင်ငံတကာနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေကို မသိကျိုးကျွံပြုပြီး လျစ်လျူရှုထားဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရင်ကထက် ပိုမိုပြင်းထန်ထိရောက်တဲ့ အစီအစဉ်တွေနဲ့ ဆက်လက်တောင်းဆိုဖို့ စီစဉ်နေပြီး ပြည်သူတွေလည်း ပူးပေါင်းကြဖို့ All In One Piece Movement အဖွဲ့က ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013