DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်တို့ကို ဖေ့စ်ဘွတ်ခ်ပေါ်က အထောက်အထားများဖြင့် တရားစွဲ
DVB
·
May 31, 2021
သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်တို့ကို ဖေ့စ်ဘွတ်ခ်ပေါ်က အထောက်အထားများဖြင့် တရားစွဲ
Donate to DVB

အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ မော်ဒယ်ပိုင်တံခွန်တို့ကို စစ်ကောင်စီက  ဖေ့စ်ဘွတ်ခ်နဲ့ မီဒီယာတွေပေါ်က အထောက်အထားတွေနဲ့ တရားစွဲထားတာဖြစ်ပြီး တရားလိုကိုစစ်ပြီးမှ အာမခံလျှောက်မယ်လို့ သူတို့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက ပုဒ်မ ၅၀၅(က) ၊ မရမ်းကုန်းရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ)တို့နဲ့ တရားစွဲ ထားတာဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကိုတော့ မြောက်ဒဂုံရဲစခန်းက  ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ အမှုတွေကို စတင်စွဲဆိုခဲ့တဲ့ မေလ ၄ ရက်နေ့ကနေ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဆေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“အမှုသွားအမှုလာ အနေအထားကတော့ ကိုပိုင်တံခွန်က အပြင်မှာ ဆောင်ရွက်နေတာတွေထက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတာတွေအပေါ် မူတည်ပြီးစွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။ ကိုရဲတိုက်အမှုကလည်း သူကိုယ်တိုင်ဆောင်ရွက်ခဲ့တာထက် မီဒီယာပေါ်မှာတင်ထားတဲ့ အင်တာဗျူးတစ်ခုအပေါ်မှာ မူတည်ပြီး စွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။ တခုရှိတာက စိတ်ကြွစိတ်ပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး စွဲထားတဲ့အမှုကတော့ အာရုံနည်းနည်းစိုက်ပြီး လိုက်ရမယ်။ အာမခံက တင်ရင်လည်း သူတို့ကလက်ရှိမှာ ကျန်းမာရေးကကောင်းနေတယ်။ အထူးတရားရုံးမှာ တင်သမျှအမှု အားလုံးကို အာမခံမပေးဘူး။ လတ်တလော တင်ရင်ပယ်မယ့် အတူတူတရားလိုကိုစစ်ပြီးမှာ အမှုက ခိုင်ခိုင်မာမာ မရှိဘူးဆိုရင် ဘယ်လိုအမှုမျိုးမဆို အာမခံတင်လို့ရတဲ့အပေါ်မူတည်ပြီး အာမခံလျှောက်ထားပါမယ်”

သရုပ်ဆောင်ရဲတိုက်နဲ့ပိုင်တံခွန်တို့ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

သူတို့ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဇွန်လ ၁ ရက်နဲ့  ၃ ရက်နေ့ သရုပ်ဆောင်ပိုင်တံခွန်ကိုတော့ ဇွန်လ ၉ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ပါတယ်။  

“အင်းစိန်ထောင် သီးသန့်ဆောင်မှာထားတယ်။ အဆောင်နံပတ်တော့မသိဘူးဗျ။ အားလုံးအတူတူထားတာ တော့မဟုတ်လောက်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ခွဲထားကြလိမ့်မယ်။ အထဲမှာ ၅၀၅(က) နဲ့စွဲထားတာက လေးထောင်လောက်ရှိတော့ အဆောင်တွေတော့ ကွဲကြလိမ့်မယ်ထင်တယ်။” လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက် ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံးမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပိုင်တံခွန်ကိုတော့ ဧပြီ ၈ ရက် နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့သုံးဦးကိုတော့ မေလ ၂၇ရက်နေ့က ကျောက်တံတား ရဲစခန်းကနေ ကျောက်တံတားတရားရုံးကို ပုဒ်မ ၅၀၅(က)နဲ့ အမှုစွဲတင်ထားပါတယ်။ သူတို့သုံးယောက်ကို လည်း အင်းစိန်ထောင် သီးသန့်ဆောင်မှာပဲ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013