DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၂၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
DVB
·
May 30, 2021
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၂၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
Donate to DVB

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး အနည်းဆုံး လူပေါင်း ၁ သိန်း ၂ သောင်းလောက် အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က  မေလ ၂၉ ရက်မှာ ပြောကြားပါတယ်။

ဒုက္ခသည်တွေအတွက် အစားအစာနဲ့ သောက်သုံးရေလို မရှိမဖြစ် လိုအပ်တဲ့ အထောက်အပံ့တွေလည်း ရှားပါးနိုင်တယ်လို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သတိပေးထားပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသက ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ကနေ နောက်ဆုံးထုတ်ပြန်ချက်အရ ပဋိပက္ခတွေနဲ့ မလုံခြုံတဲ့ အခြေအနေတွေကြောင့် ဧပြီလကနေ မေလအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူပေါင်း ၄၆၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ကယားပြည်နယ် တိုက်ပွဲတွေအပြီး မေလနှောင်းပိုင်းမှာ လူပေါင်း ၃၇၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် လုံခြုံမှု မရှိခြင်း၊ ဘဏ်လုပ်ငန်း ယိုင်လဲနေခြင်း၊ လမ်းပိတ်ဆို့ခြင်းနဲ့ ရှိနေတဲ့ အခက်အခဲတွေကြောင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလုံးမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တကယ့်ကို ကန့်သတ်ခံနေရတုန်းပဲလို့ အဖွဲ့အစည်းတွေက သတိပေးကြပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသတွေမှာလည်း စစ်အာဏာရှင်ကို လူထုက ဆက်လက် ဆန္ဒပြနေကြတုန်း ဖြစ်ပါတယ်။

အိုးအိမ်စွန့် ရှောင်ပြေးကြသူတွေ များလာတာနဲ့အမျှ မိုးရာသီကလည်း အဝင်စောတာကြောင့် တောထဲမှာ ကျန်းမာရေးနဲ့ သန့်ရှင်းရေးပစ္စည်း၊ နေထိုင်စရာ အဆောက်အအုံတွေ လုံလောက်မှု မရှိတာတွေ ကြုံနေရပြီး တိုက်ပွဲရှောင်သူတွေအနေနဲ့ ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေ ဖြစ်နေတယ်လို့ OCHA က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013