DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာန CDM ဝန်ထမ်း ၅၀၈ ဦး အလုပ်ထုတ်ခံရ
DVB
·
May 29, 2021
စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာန CDM ဝန်ထမ်း ၅၀၈ ဦး အလုပ်ထုတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်း ၅၀၈ယောက်ကို အလုပ်ထုတ်လိုက်ပြီလို့ စစ်ကောင်စီ ကြေညာလိုက်ပါတယ်။

စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာန လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၅၀၈ ယောက်ကို ခွင့်မဲ့ပျက်ကွက်ပြီး လုပ်ငန်းတာဝန်နဲ့ဌာနကင်းကွာ ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိတယ်လို့ဆိုပြီး အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီရဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ရာထူးကထုတ်ပယ်လိုက်တာပါ။

စိုက်ပျိုးရေးဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်တာဖြစ်ပြီး ဒီပြစ်ဒဏ်ကို မကျေနပ်တဲ့ ဝန်ထမ်းတွေအနေနဲ့  နိုင်ငံဝန်ထမ်းနည်းဥပဒေအရ ၆ လအတွင်း အယူခံတင်သွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

အခုထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်ထားတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။ 

အခုထုတ်ပြန်လိုက်တဲ့စာရင်းထဲမှာ  အရာထမ်း နဲံ အလုပ်သင်နေ့စားစာရင်း မပါသေးဘူးလို့သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013