DVB Logo
Home
မြန်မာသတင်း
စားနပ်ရိက္ခာအထောက်အပံ့မရသဖြင့် ညောင်ချောင်းစစ်ဘေးရှောင်များ အခက်ကြုံနေ
DVB
·
May 29, 2021
စားနပ်ရိက္ခာအထောက်အပံ့မရသဖြင့် ညောင်ချောင်းစစ်ဘေးရှောင်များ အခက်ကြုံနေ
1 / 6
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက မထောက်ပံ့တော့တာ ၂ ပတ်လောက် ရှိလာပြီဖြစ်တာကြောင့် ရိက္ခာပြတ်လပ်ပြီး စားသောက်ရေး အခက်အခဲကြုံတွေ့နေကြရတယ်လို့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့လကဆိုရင် ဧပြီ ၁၄ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့ထိ ၁ လ စာထောက်ပံ့ပေးထားတယ်။ အခုဆိုရင်မေလကုန်တော့မယ်၊ အခုအချိန်ထိ ထောက်ပံ့မှု မရသေးဘူး။ ကျနော်တို့စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၈၀၀ ကျော်ရှိတယ်၊ လူဦးရေ ၃၄၀၀ ကျော်ရှိတာပေါ့။ ရိက္ခာနဲ့ပတ်သက်ပြီး အမြန်ဆုံးကူညီပံ့ပိုးဖို့ လိုအပ်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီမှာအထောက်အပံ့မရတာ ၁၅ ရက်ရှိသွားပြီပေါ့။ အဲဒီမှာစစ်ရှောင်တွေတချို့ ရှာဖွေစားသောက်လို့ရတဲ့ အိမ်ထောင်စုအနည်းငယ်ပါတယ်၊ သားပျိုသမီးပျိုတွေနဲ့ဆိုတော့ အဆင်ပြေကြတယ်ပေါ့။ ဒါပေမဲ့ တော်တော်များများကတော့ အသက်ကြီးပိုင်းနဲ့ ကလေးတွေ များတဲ့အခါကျတော့ ဒီအထောက်အပံ့ပေါ်မှာပဲ မှီခိုပြီးစားသောက်နေကြရတာပေါ့။ သူတို့မှာက ရှာဖွေစားသောက်ဖို့ အခွင့်အလမ်းတွေကလည်းမရှိဘူး၊ လယ်တွေလည်း လုပ်ကိုင်ခွင့်ရတာ မဟုတ်ဘူးဆိုတော့ စားသောက်ရေးမှာအခက်အခဲကြုံနေရတာပေါ့။”

စစ်ဘေးရှောင်တွေအတွက် ရိက္ခာထောက်ပံ့မှုမရတာကို မြို့နယ်ကောင်စီကို တင်ပြရာမှာ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုလာတာမရှိဘူးလို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“ကျနော်တို့ ဒီမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီလို့ပြောရမလား၊ အဲဒီအဖွဲ့က ဒုဦးစီးကို ကျနော် ဖုန်းဆက်ပြီးတော့ ပြောထားတာရှိတယ်၊ သူတို့တစ်စုံတစ်ရာတုံ့ပြန်ထားတာမရှိပါဘူး၊ ပြီးရင် လူကယ်ပြန်ကဒုဦးစီးနဲ့ ကျနော်ဆက်သွယ်ပြီးမေးခိုင်းထားတယ်၊ သူတို့ကတော့ ငွေကြေးအခက်အခဲကြောင့်လို့တော့ အကြောင်းပြချက်ပေးပါတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်တွေအတွက် အမြန်ဆုံးရိက္ခာရောက်ဖို့ကို သက်ဆိုင်ရာဌာနတွေအနေနဲ့ရော လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ရော ပါဝင်ကူညီပေးဖို့ကို မေတ္တာရပ်ခံတောင်းဆိုချင်ပါတ‌ယ်။”

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၈၀၀ ကျော်၊ လူဦးရေ ၃၄၀၀ ကျော်ရှိပြီး ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်ရှိ ကျေးရွာပေါင်း ၈ ရွာကနေ လာရောက်ခိုလှုံနေကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013