DVB Logo
Home
မြန်မာသတင်း
ထိုင်းက မြန်မာထက် ကိုဗစ်-၁၉ ကူးစက်ခံရမှု ကျော်လွန်၊ အာဆီယံတွင် ကူးစက်မှုအမြင့်ဆုံး အဆင့် ၄ ဖြစ်လာ
DVB
·
May 28, 2021
ထိုင်းက မြန်မာထက် ကိုဗစ်-၁၉ ကူးစက်ခံရမှု ကျော်လွန်၊ အာဆီယံတွင် ကူးစက်မှုအမြင့်ဆုံး အဆင့် ၄ ဖြစ်လာ
Donate to DVB

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက် ခံရသူအရေအတွက်ဟာ မြန်မာနိုင်ငံထက် ကျော်လွန်လာခဲ့ပြီး အာဆီယံနိုင်ငံတွေထဲ ကူးစက်မှု အမြင့်ဆုံးအဆင့် ၄ ဖြစ်လာခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၅ သောင်းကျော်၊ သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူဦး ရေ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၂ သောင်းကျော်နဲ့ အသီးသီးရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၂,၅၀၀ ကျော်နဲ့ ရှိနေတာပါ။

အဲဒီနောက်မှာတော့ ထိုင်းက မြန်မာနိုင်ငံကို ကျော်လွန်ပြီး ကူးစက်ခံရသူ ၁၄၄,၉၇၆ ယောက်ရှိလာခဲ့ပြီဖြစ်တာမို့ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ ရောဂါကူးစက်ခံရသူဦးရေ ၁၄၃,၄၁၄ ယောက်၊ သေဆုံးသူ ၃,၂၁၆ ယောက်နဲ့ ရှိနေတာပါ။

       ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက် ရှိနေ တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူဦးရေ ၆ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၁ ယောက်ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သောင်း ၈ ထောင်ကျော်နဲ့ သေဆုံးသူ ၁၉၆ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆,၃၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၄၇ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၁ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူအရေအတွက် ၁,၉၀၅ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၆၉ ဒသမ ၇ သန်းကျော်၊ သေ ဆုံးသူ ၃ သန်းခွဲကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၅၁ ဒသမ ၄ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၄ သန်းနီးပါး၊ သေဆုံးသူ ၆ သိန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူး စက်ခံရသူ ၂၇ သန်းခွဲကျော်၊ သေဆုံးသူ ၃ သိန်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013