DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမားများကို တရားစွဲဆိုထားမှု ချက်ချက်ရုပ်သိမ်းရန် အေအိုင်အဖွဲ့တောင်းဆို
DVB
·
May 28, 2021
မြန်မာသတင်းသမားများကို  တရားစွဲဆိုထားမှု ချက်ချက်ရုပ်သိမ်းရန် အေအိုင်အဖွဲ့တောင်းဆို
Donate to DVB

မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဂျာနယ်လစ် သတင်းထောက်တွေအပေါ် စွဲချက်တင်ထားတာတွေကို ချက်ချင်းရုပ်သိမ်းဖို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုလိုက်ပါတယ်။

ဂျာနယ်လစ်တွေဟာ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအပေါ် အမှန်တရားဖော်ထုတ်ဖို့ ကြိုးပမ်းမှုရဲ့ ရှေ့တန်းမှာ ရှိနေတာလို့  အေအိုင်အဖွဲ့ရဲ့ သုတေသနဆိုင်ရာ ဒေသဒါရိုက်တာ အီးမာလင်းဂေလ်က ပြောပါတယ်။

ဂျာနယ်လစ်တွေအပေါ်  စစ်အာဏာပိုင်တွေက တိုးပြီးကျူးလွန်နေတဲ့ ရက်စက်တဲ့အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ အနှောင့်အယှက်ပေးမှုတွေဟာ အမှန်တရားကို ဖော်ထုတ်ခြင်းက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ပြနေတာပဲ လို့လည်း ဆိုပါတယ်။

သတင်းသမား တစ်ဦးတစ်ယောက်ချင်းဟာ ခြိမ်းခြောက်၊ ဖမ်းဆီး၊ ကံဆိုးမှုတွေ ကြုံရနိုင်နေပေမယ့် မြန်မာနိုင်ငံရဲ့  လွတ်လပ်တဲ့သတင်းမီဒီယာတခုလုံးဟာ လုံးဝပိတ်ပင်ထားလို့ မရနိုင်ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ကြုံနေရတဲ့ ဆက်လက်ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုအပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ်ဖိနှိပ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို မှေးမှိန်စေဖို့ စစ်တပ်အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဆိုးဆိုးရွားရွား ဖြတ်တောက်ခံထားရပေမယ့်လည်း စစ်အာဏာပိုင်တွေရဲ့ ချိုးဖောက်ကျူးလွန်မှုတွေကို ကမ္ဘာကြီးကသိနေတာဟာ သတင်းစာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိတွေကြောင့်ပါပဲလို့လည်း  Amnesty International ရဲ့ ထုတ်ပြန်ကြေညာချက်မှာ  ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013