DVB Logo
Home
မြန်မာသတင်း
ပြည်ပထွက်ခွာမည့် လေကြောင်းခရီးသည်အားလုံး အနည်းဆုံး ၁၀ ရက် ကြိုတင်စာရင်းပေးရမည်
DVB
·
May 28, 2021
ပြည်ပထွက်ခွာမည့် လေကြောင်းခရီးသည်အားလုံး အနည်းဆုံး ၁၀ ရက်  ကြိုတင်စာရင်းပေးရမည်
Donate to DVB

မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအပါအဝင်  အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးသည် အားလုံး လေယာဉ်မစီးခင် လက်မှတ်တွေကို အနည်းဆုံး ၁၀ ရက်  ကြိုတင်စာရင်းပေးထားကြဖို့ စစ်ကောင်စီက ကြေညာထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာထားပါတယ်။

လေကြောင်းလိုင်းတွေနဲ့ ခရီးစဉ်အေးဂျင့်တွေလည်း ဒီစည်းမျဉ်းအသစ်ကို စတင်လိုက်နာကျင့်သုံးနေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် မနက်ဖန် မေလ ၂၉ ရက် စနေနေ့ကစပြီး မြန်မာနိုင်ငံအပါအဝင် ကိုဗစ်-၁၉ အန္တရာယ်ကြီးတဲ့ နိုင်ငံတွေကနေ စင်ကာပူနိုင်ငံကို တထောက်နားဖို့ ဝင်လာတဲ့ခရီးသည်တွေဟာ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ စစ်ဆေးချက်ရလဒ် Negative အဖြေ ၂ ခါရရှိရမယ်လို့ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းလည်း အမေရိကန်သံရုံးက အသိပေးထားပါတယ်။ 

ဒီသတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ဝက်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ထားပြီး ဒီသတိပေးချက်ပါ အကြောင်းအရာတွေကို မြန်မာနိုင်ငံရောက် အမေရိကန်တွေ၊ အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက နီးစပ်ရာအသိတွေကိုလည်း ဝေမျှကြဖို့လည်း လမ်းညွှန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013