DVB Logo
Home
မြန်မာသတင်း
CRPH ကို နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU)က အခိုင်အမာထောက်ခံ
DVB
·
May 27, 2021
CRPH ကို နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU)က အခိုင်အမာထောက်ခံ
1 / 2
Donate to DVB

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို  ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံပေးနေတဲ့ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU)ကို ကျေးဇူးတင်တဲ့ အကြောင်း  CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်ပါတယ်။ 

မေလ ၂၅ ရက်က အွန်လိုင်းစနစ်နဲ့ ကျင်းပခဲ့တဲ့ ၁၄၂ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံကို CRPH ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေဆိုင်ရာ သက်သေခံချက်ကို ပြောကြားခဲ့ပါတယ်။

ဒီလို ပြောကြားရာမှာ CRPH ကို ခိုင်ခိုင်မာမာရပ်တည်ထောက်ခံပေးနေကြတဲ့ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ (IPU) ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များကော်မတီတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ထုတ်ဖော်တောင်းဆိုပေးခဲ့ကြတဲ့အပေါ်မှာလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ အကာအကွယ်မဲ့နေတဲ့ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တခြားသော အရေးယူဆောင်ရွက်မှုတွေအတွက်လည်းထပ်လောင်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာပြည်သူတွေကနေ ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေကြောင့် အကွဲကွဲအပြားပြား ရှိနေကြပေမယ့် ရောက်ရာနေရာကနေ ပြည်သူတွေကို ကိုယ်စားပြုပြီး သူတို့တာဝန်တွေကို ထမ်းဆောင်နေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ဖို့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အဲ့ဒီလို ဥပဒေကို ကျော်လွန်နေတဲ့လုပ်ဆောင်ချက်တွေက ပြည်သူလူထု လိုလားတောင့်တနေတဲ့ ပြည်သူ့အစိုးရစစ်စစ်ကိုရရှိဖို့ ဆန္ဒကိုတော့ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ကြောင်းလည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို အသိအမှတ်ပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံပေးကြဖို့ နိုင်ငံတကာပါလီမန်အမတ်တွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပါလီမန်တွေမှာ တောင်းဆိုပေးစေလိုကြောင်းလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အန်အယ်လ်ဒီလွှတ်တော်အမတ် အများအပြားကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက် တရားစွဲတာတွေလည်း ပြုလုပ်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013