DVB Logo
Home
မြန်မာသတင်း
တရုတ်ကုမ္ပဏီများကို မီးရှို့ခဲ့သည့် သံသယရှိသူ ၂၈ ဦးကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
DVB
·
May 27, 2021
တရုတ်ကုမ္ပဏီများကို မီးရှို့ခဲ့သည့် သံသယရှိသူ  ၂၈  ဦးကို  ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
Donate to DVB

ရန်ကုန်မြို့ရှိ တရုတ်ကုမ္ပဏီတွေကို မီးရှို့ခဲ့တယ်လို့ သံသယရှိသူ  ၂၈ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ မြန်မာစစ်ကောင်စီရဲ့ တရားရုံးကနေ မေလ ၂၅ ရက်မှာ  ချမှတ်လိုက်တယ်လို့ တရုတ်အမျိုးသားရုပ်မြင်သံကြား (CCTV) ကနေ ထုတ်လွှင့်ပါတယ်။ 

သံသယရှိသူ ၂၈ ယောက်ထဲမှာ ၁၈ ယောက်က လွတ်မြောက်နေဆဲဖြစ်ပြီး စစ်တပ် တရားရုံးကနေ အလိုရှိနေသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ရန်ကုန်မြို့မှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံ ၃၂ ရုံဟာ တိုက်ခိုက်မှုတွေကြောင့် ဖျက်ဆီးခံလိုက်ရပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ၂၄၀ လောက် ဆုံးရှုံးမှုရှိတယ်လို့ မြန်မာပြည်ရှိ တရုတ်သံရုံးက မေလ ၁၅ ရက်မှာ Global Times သတင်းစာကို ပြောကြားပါတယ်။ 

ပြစ်မှုကျူးလွန်သူတွေဟာ တရုတ်စက်ရုံတွေကို ဖြိုချ၊ လုယက်၊ မီးရှို့ ဖျက်ဆီးခြင်းတွေ ပြုလုပ်တယ် လို့လည်း ဆိုပါတယ်။   ဒါ့အပြင် တရုတ်အလုပ်သမား ၂ ယောက် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် အသက်တော့မသေခဲ့ဘူးလို့ သံရုံးကပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013