Home
မြန်မာသတင်း
အင်းတော်မြို့နယ်၌ စာသင်ကျောင်း မီးလောင်၊ မီးသတ်တပ်ဖွဲ့ဝင်၂ ဦး ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံး
DVB
·
May 26, 2021
186489762_2843260889322149_2185933317725934089_n
186242344_2843260819322156_5042979730312533928_n
185210042_2843260779322160_4199290936649781639_n
189625435_2843260755988829_6250598602965175993_n
188833089_2843260859322152_2472426219272526376_n

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှာ မေလ ၂၆ ရက် မနက်အစောပိုင်း နှစ်နာရီခွဲ လောက်က မီးလောင်မှုဖြစ်ပွားပြီး မီးငြှိမ်းသတ်ဖို့သွားတဲ့ မီးသတ်တပ်ဖွဲ့ ဝင် ၂ ဦး လမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားပါတယ်။

မီးသတ်တပ်ဖွဲ့က စာသင်ကျောင်းကိုမီးသတ်ဖို့ အချိန်မီအောင်သွားခဲ့ပေမဲ့ လမ်းမှာ မီးသတ်ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး စာသင်ကျောင်း အကုန်နီးပါး မီးလောင်ခဲ့တယ်လို့  အင်းတော်မီးသတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ စက်တောကုန်း မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြှိမ်းဖို့ သွားဖို့ မီးသတ်ယာဉ်ထွက်ခဲ့ပါတယ်။ မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးစားရင်း ယာဉ်မတော်တဆမှုကြောင့် အင်းတော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် လူငယ်နှစ်ဦး အသက်ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အင်းတော်မြို့နယ် မီးသတ်အဖွဲ့ဝင် ၂ ယောက်ရဲ့ ဈာပနကို မနက်ဖြန် ကျင်းပဖို့ ရှိနေပါတယ်။

 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024