DVB Logo
Home
မြန်မာသတင်း
၀တ်ပြုကိုးကွယ်ရာနေရာနှင့် ဘုရားကျောင်းထဲ ခိုလှုံနေသူများကို မတိုက်ခိုက်ရန် ကာဒီနယ် ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံ
DVB
·
May 26, 2021
၀တ်ပြုကိုးကွယ်ရာနေရာနှင့် ဘုရားကျောင်းထဲ ခိုလှုံနေသူများကို မတိုက်ခိုက်ရန် ကာဒီနယ် ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံ
Donate to DVB

မြန်မာပြည်ထဲက အများပြည်သူ ၀တ်ပြုကိုးကွယ်ရာနေရာတွေနဲ့ အဲဒီနေရာတွေမှာ ခိုလှုံနေကြသူတွေကို လေးစားတန်ဖိုးထားဖို့ အာရှတိုက်ဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်မောင်ဘိုက အနူးအညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။

မေ ၂၃ ရက်ညက လွိုင်ကော်မြို့နယ် ကယန်းသာယာရွာက ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူ ၄ ယောက် သေဆုံးပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တဲ့အပေါ် အခုလို ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အဲဒီပြည်သူတွေဟာ လက်နက်ကိုင်ထားတာမဟုတ်ဘဲ မိသားစုကိုကာကွယ်မှုရဖို့ ဘုရားကျောင်းထဲမှာ ခိုလှုံနေတာ ဖြစ်သလို မြေကျခဲ့တဲ့ သွေးတွေဟာ ညီအစ်ကို တိုင်းရင်းသားတွေရဲ့ သွေးပဲဖြစ်တယ်ဆိုတာ အထူးသတိပြုကြဖို့လည်း သူက ဆိုပါတယ်။

ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်ရာနေရာတွေဟာ ယဉ်ကျေးမှုထုံးစံအရ အများပြည်သူဆိုင်ရာ နေရာတွေ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသတ်မှတ်ချက်တွေအရ အကာအကွယ်ပေးရတဲ့ အဆောက်အအုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံတွေ၊ စာသင်ကျောင်းတွေဟာလည်း အကာအကွယ်ရရှိပြီး လုံခြုံတဲ့နေရာတွေအဖြစ် သတ်မှတ်ခံထားရတယ်ဆိုတာ သတိပြုဖို့ လိုတယ် လို့ဆိုပါတယ်။

သဘောထားကွဲလွဲတာတွေဟာ တိုင်းသူပြည်သားတွေအတွက် အင်မတန်ဆိုးရွားတဲ့ အခြေအနေကို ပိုဖြစ်စေပြီး ငြိမ်းချမ်းရေးကပဲ တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူက ထုတ်ပြန်ပြောဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေ ရပ်တန့်ဖို့ အထူးလိုအပ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် သူက မေတ္တာရပ်ခံလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013