DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ထုတ်ချေးထားသည့် နိုင်ငံ့ဝန်ထမ်း ၂ လစာ ပြန်ဆပ်ရန် မလို
DVB
·
May 26, 2021
အန်အယ်လ်ဒီအစိုးရလက်ထက် ထုတ်ချေးထားသည့် နိုင်ငံ့ဝန်ထမ်း ၂ လစာ ပြန်ဆပ်ရန် မလို
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက် နိုင်ငံ့ဝန်ထမ်းလစာ ၂ လစာ အတိုးမဲ့ ကြိုတင်ထုတ်ချေးထားတဲ့ငွေတွေကို ပြန်လည်ပေးဆပ်ရန် မလိုအပ်တဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်  ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက  မေလ၂၅ ရက်မှာထပ်မံ အသိပေးကြေညာပါတယ်။ 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုများအပေါ် ကုစားနိုင်ရေး အတွက် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို  လစာ ၂ လစာ ကြိုတင်ထုတ်ပေးပြီး အတိုးမဲ့ချေးငွေအဖြစ် ၂၀၂၀ အောက်တိုဘာလမှစတင်ကာ ဆိုင်းငံ့ကာလ ၆ လ၊ ပြန်ဆပ်ကာလ ၁  နှစ်သတ်မှတ်ပြီး အန်အယ်လ်ဒီအစိုးရက ထုတ်ချေးခဲ့တာပါ။

NUG အစိုးရအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ရှေးရှုပြီး CDM ဝန်ထမ်း၊ non-CDM ဝန်ထမ်းမခွဲခြားဘဲ ပြန်လည် ပေးဆပ်ရန်မလိုအပ်တဲ့  ချီးမြှင့်ငွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ကြေညာထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကတော့ CDM ဝန်ထမ်းတွေ ကို ချေးငွေပြန်လည်ပေးဆပ်ဖို့ အတင်းအကျပ် ခြိမ်းခြောက် တောင်းဆိုနေပြီး non-CDM ဝန်ထမ်းတွေလည်း   ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်မှာ ချေးငွေ ပြန်လည်ပေး ဆပ်ရမယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခြိမ်းခြောက်တောင်းဆိုမှုတွေကို အသိအမှတ်ပြုရန် မလိုအပ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကို အလေးမထား၊ လစ်လျူရှုပြီး နိုင်ငံတော်အာဏာအား အတင်းအဓမ္မသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်သူ့အခွန်ဘဏ္ဍာငွေတွေကို  စီမံခန့်ခွဲပိုင်ခွင့် လုံး၀ မရှိပါကြောင်း NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွန်းနိုင်က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013