Home
မြန်မာသတင်း
ကယားစစ်ရှောင်စခန်း ၄ ခုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်ကူညီ
DVB
·
May 26, 2021
RedCross Help support to Kayah 1
RedCross Help support to Kayah 2
189731448_4442725312427779_642703811903819492_n
RedCross Help support to Kayah 4

ကယားပြည်နယ်က တိုက်ပွဲရှောင် ပြည်သူတွေထံ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လိုအပ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီလှူဒါန်းမှုကိုတော့ ကယားပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီကတဆင့် ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲရှောင်ပြည်သူတွေ နေထိုင်ရာ နေရာ ၄ နေရာကို ဖြန့်ဝေပေးခဲ့တာ ဖြစ်ကာ အရေး ပေါ်လိုအပ်တဲ့ တာပေါ်လင်(မိုးကာ)၊ စောင်၊ ခြင်ထောင်၊ ရေသန့်စက်၊ ဆပ်ပြာ၊ ဂျယ်လီကန် (ခေါက်သိမ်းနိုင်သော ရေသိုလှောင်ကန်)၊ ကြိုးခွေ၊ တကိုယ်ရေသန့် ရှင်းရေးသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ လက်သန့်ဆေးရည်၊ အိမ်ဆောက်အထောက်အကူပစ္စည်း စတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် တိုက်ပွဲရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ တနေရာမှာ ကြက်ခြေနီ စေတနာ လုပ်အားရှင် ၁၃ ယောက်နဲ့ ရှေးဦးပြုစုခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး ပြည်သူတွေအတွက် ရှေးဦးပြုစုတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအကူအညီတွေ ပေးအပ်နိုင်ဖို့ ဆက်လက် ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့ကာ ကယားပြည်နယ်မှာလည်း တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်းမှု ၃ လခွဲကျော်ရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အ စည်းတွေ၊ သတင်းသမားတွေ၊ အရပ်သားပြည်သူတွေ ကျဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်နှိမ်နင်းမှုကြောင့် လက်ရှိအချိန်ထိ ကျဆုံးပြည်သူ ၈၂၇ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအရေအတွက် ၅,၄၂၁ ယောက်ထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024