DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း
DVB
·
May 25, 2021
ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေကို ခုခံကာကွယ်နိုင်ဖို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်  People's Defence Force (Kalay)ကို ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့မှာ Kalay Civil Defence Association/Kalay Civil Army (KCDA/KCA) ၊ Sourthen Kalemyo People's Defense Organization (SKPDO) တို့အပါအဝင် မြို့နယ်တွင်း နယ်မြေအသီးသီးက ပြည်သူ့ခုခံကာကွယ်ရေးအင်အားစုတွေနဲ့ဖွဲ့စည်းလိုက်တယ်လို့ မေ ၂၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။

People Defence's Force (Kalay) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထူထောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ရည်မှန်းချက်နဲ့ လမ်းစဉ်တွေအတိုင်း ပြည်သူ့ကာကွယ်ရေးလုပ်ငန်းတွေကို ကလေးဒေသအတွင်း ထိရောက်စွာ အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့  ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013