DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၈၂၄ ဦးထိ ရှိလာ
DVB
·
May 25, 2021
အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၈၂၄ ဦးထိ ရှိလာ
Donate to DVB

စစ်တပ်ရဲ့မတရားအာဏာသိမ်းကာလ ၃ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၂၄ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ် ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၄ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၄၀၈ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၃၀၁ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အ တွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၈၄၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အ လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

မနေ့က မေ ၂၄ ရက် နေ့လည်ပိုင်းမှာတော့ မန္တလေးမြို့က အလွတ်တန်းသတင်း ထောက် ကိုစူပါ(ခ)ကျော်ဇင်ဝင်းကို အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၂၃ ရက်နေ့ ညပိုင်းမှာတော့ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်တဲ့ မီးသတ်ဝန်ထမ်းကို ဖမ်းဆီးရမိခြင်း မရှိ တာကြောင့် သူ့ရဲ့ မိဘနှစ်ပါးနဲ့ ညီဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီ ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မြောင်းကုန်းကျေးရွာမှာတော့ အကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား ၁ ယောက် ဦးခေါင်းကို ကျည်ထိမှန် ကျဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်၊ ကုန်းသာကျေးရွာမှာတော့ ရွာသား ၁ ယောက်ဟာ ဆိုင်ကယ် မောင်းလာစဉ် အကြမ်းဖက် စစ်အုပ်စုက ရမ်းကားပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကို ကျည်ထိ မှန်ခဲ့ပြီး ဓာတ်တိုင်ကို ဆိုင်ကယ်နဲ့ တိုက်မိကာ ညာခြေထောက် အထက်ပိုင်း ကျိုးပြီး ကျ ဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်က ဘောလုံးကွင်းကို စစ်အုပ် စုရဲ့ တပ်တွေက အရပ်ဝတ်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်နဲ့ ပစ်ဖောက်ခဲ့တာကြောင့် လူငယ် ၁ ယောက် အုတ်နံရံပေါ် တက်ပြေးစဉ် ပစ်ခတ်ခံခဲ့ရလို့ ပြုတ်ကျသွားခဲ့ကာ နဖူး ကွဲဒဏ်ရာ၊ ကျည်ထိဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ကျဆုံးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013