DVB Logo
Home
မြန်မာသတင်း
Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ကို ရုံးထုတ်
DVB
·
May 24, 2021
Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ကို ရုံးထုတ်
Donate to DVB

မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို မေလ ၂၄ ရက်နေ့က အွန်လိုင်းကနေ တဆင့် ရုံးထုတ်ပါတယ်။

စစ်တပ်က ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာပါ။

Voice of Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

ကိုနေမျိုးလင်းဟာ ၂၀၂၀ ခုနှစ် မတ်လထဲကလည်း AA ကိုဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက် ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013