DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ Voice of Myanmar အယ်ဒီတာချုပ် မိသားစုနှင့် အဆက်အသွယ်မရ
DVB
·
April 28, 2021
ဖမ်းဆီးခံ Voice of Myanmar အယ်ဒီတာချုပ် မိသားစုနှင့် အဆက်အသွယ်မရ
Donate to DVB

မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို အကြမ်းဖက်စစ်အုပ်စုက မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူခဲ့ကာ  မိသားစုနဲ့ အဆက်သွယ်မရဖြစ်နေပါတယ်။

ကိုနေမျိုးလင်းနဲ့အတူ Voice of Myanmar က သတင်းထောက် ကိုရှိုင်းအောင် ပါ လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

အဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ကိုနေမျိုးလင်းရဲ့ ဇနီးကတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ကိုနေမျိုးလင်းဟာ ၂၀၂၀  မတ်လကလည်း  ရက္ခိုင့်တပ်တော် (အေအေ) အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက်ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013