DVB Logo
Home
မြန်မာသတင်း
Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ ပြန်လွတ်
DVB
·
June 17, 2021
Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ ပြန်လွတ်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ မန္တလေးအခြေစိုက် သတင်းဌာန Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဇွန်လ ၁၇ ရက်နေ့က ပြန်လွတ်လာပါတယ်။

ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာပါ။

“ဒီနေ့ ပြန်လွတ်တယ်။ အခုပဲ အမတို့ စောင့်နေတာ။ ပစ္စည်းတွေ သိမ်းနေလို့။ ဘာအကြောင်းနဲ့ ပြန်လွတ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။” လို့ ကိုနေမျိုးလင်းရဲ့ ဇနီးက ပြောပါတယ်။

အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

ကိုနေမျိုးလင်းဟာ ၂၀၂၀ မတ်ကလည်း  AA အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက်ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013