DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင် ပြန်လည်လွတ်မြောက်
DVB
·
April 1, 2026
Photo : Phyoe Phyoe Aung Facebook
Photo : Phyoe Phyoe Aung Facebook
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသ) ကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ဟာ ဧပြီ ၁ ရက်က ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်ကနေ လွတ်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင် ဧပြီ ၁ ရက်‌‌နေ့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အင်တာနက် လူမှုစာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က ကိုဂျိမ်းစ်ကို ၂၀၂၂ ခုနှစ် ဇွန် ၁၈ ရက်‌က ရန်ကုန်မြို့၊ ဗိုလ်တ‌ထောင်မြို့နယ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ကိုဂျိမ်းစ်ကို ပုဒ်မ ၅၀၅ (က) နဲ့ သုံးနှစ်၊ ၅၂ (ခ) နဲ့ ၅ နှစ် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၅၀၅ (က) က လွတ်ငြိမ်းချမ်းသာရခဲ့တာကြောင့် အင်းစိန်‌‌ထောင်နဲ့ မြောင်းမြထောင်တို့မှာ ၄ နှစ်နီးပါး အကျဉ်းကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။

၂၀၁၅ ‌‌ကျောင်းသားသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့  ကိုဂျိမ်းစ် အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ၂၀၁၅ ခုနှစ်၊ မတ်လတုန်းက ဦးသိန်းစိန်အစိုးရဟာ ပုဒ်မများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ အစိုးရသစ်လက်ထက်မှာ အမှုတွေ ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ကိုဂျိမ်းစ်ကို တရားစွဲဆိုထားတဲ့ အမှုတစ်မှုဖြစ်တဲ့ ပုဒ်မ-၄၆၈ ကို လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက ရုပ်သိမ်းပေးခဲ့ခြင်းမရှိဘဲ ၄ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည်လွတ်‌မြောက်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ထပ်မံ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနစ် အောက်တိုဘာ ၁၉ ရက်က ကိုဂျိမ်းစ်ရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မြင့်ဟာ သားဖြစ်သူကို ထောင်ဝင်စာ လာတွေ့ရင်း အင်းစိန်ထောင်ရှေ့ ပေါက်ကွဲမှုထဲမှာ ထိခိုက်ပြီး ဆုံးပါးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013