DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ Voice of Myanmar သတင်းဌာနအယ်ဒီတာချုပ်နှင့် သတင်းထောက်ကို ရုံးထုတ်
DVB
·
May 12, 2021
ဖမ်းဆီးခံ Voice of Myanmar သတင်းဌာနအယ်ဒီတာချုပ်နှင့် သတင်းထောက်ကို ရုံးထုတ်
Donate to DVB

မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို မေလ ၁၂ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ရုံးထုတ်ပါတယ်။

ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

“ကိုနေမျိုးလင်းတို့ကို ဒီနေ့ ၅၀၅/က နဲ့ ရုံးထုတ် ရမန်ယူပါတယ်။ ရဲစခန်းသွားတော့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးထုတ်တယ်ပြောပြီး တရားရုံးမေးတော့ အထူးတရားရုံးမှာ ထုတ်တယ်ပြောတယ်။ မတွေ့လိုက်ရဘူး”လို့ ကိုနေမျိုးလင်းရဲ့ ဇနီးက ပြောပါတယ်။

Voice of Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

ကိုနေမျိုးလင်းဟာ ၂၀၂၀ မတ်လကလည်း  AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက်ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013