DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့တွင် အထက ၁ ကျောင်းအတွင်းနှင့် စည်ပင်ရုံးရှေ့ဗုံးပေါက်ကွဲ
DVB
·
May 23, 2021
မအူပင်မြို့တွင် အထက ၁ ကျောင်းအတွင်းနှင့် စည်ပင်ရုံးရှေ့ဗုံးပေါက်ကွဲ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မေလ ၂၃ ရက်နေ့ ညပိုင်းက အထက ၁ ကျောင်းဝန်းအတွင်းနဲ့ စည်ပင်ရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီကျော်လောက်မှာ အထက ၁ ကျောင်းဝန်းအတွင်း ပေါက်ကွဲသံကြားခဲ့ရပြီး ၇ နာရီခွဲကျော်လောက်မှာ စည်ပင်ရုံးရှေ့ ထပ်ပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိစစ်ဆေးနေပြီး မြို့ပေါ်လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ မေလ ၂၃ ရက်နေ့ညပိုင်း ပေါက်ကွဲမှုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013